[Zawgyi]
သက်တန့်တစ်ယောက် မိုးရေထဲမှာ ထိုင်နေသည်မှာတော်တော်လေးကြာနေပြီဖြစ်ကြောင်း သွေးမရှိတော့သောမျက်နှာ ပြာနှမ်းနေသောနှုတ်ခမ်း တုန်ရီနေသောခန္ဓာကိုယ်တစ်စုံက သက်သေပြနေပေသည်။မိုးနတ်ဒေဝါသည်လည်း ဘယ်အချိန်ကတည်းက ငြိုးထားသည်မသိ။လောကကြီးတစ်ခွင်အား ဘယ်သံရောညာသံပါပေးကာ တ၀ုန်းဝုန်းဖြင့် တိုက်စစ်ဆင်နေတော့သည်။တိတ်တော့မည့်ဟန် မတူသည့်မိုးရေစက်များနှင့်အတူ သက်တန့်မျက်ရည်တွေ အတားအဆီးမဲ့ အထိန်းအကွပ်မဲ့စွာလွှတ်ချလိုက်တော့သည်။
အရင်ကဆို မိုးရေထဲခုလိုထိုင်နေဖို့နေသာသာ မိုးနည်းနည်းရွာလျှင်ပင် မိုးနှင့်မကင်းသောသူ့ရဲ့အတိတ်ဆိုးကြောင့် သူသေမတတ်ကြောက်ခဲ့ရသည်။ယခုလဲ သူကြောက်နေသည်..သို့သော် ချစ်သူနှုတ်မှဖွင့်ဟအန်ကျလာသော အမုန်းတရားများအား သူပိုကြောက်နေမိသည်။
တစ်ဆစ်ဆစ်နာကျင်နေသာ နှလုံးသားတစ်စုံကို ကိုင်ဆုပ်ကာ ချစ်သူနှင့်အတူဖြတ်သန်းခဲ့ဖူးသော မိုးသည်းညတွေကို သတိရနေမိသည်။ချစ်သူမရှိတော့တဲ့နေ့ရက်တွေကို ရင်ဆိုင်ဖို့ သူ့မှာခွန်အားမရှိခဲ့..
မမတွင်နိုင်းမဟုတ်သောချစ်သူနှင့်ရထားသော ကိုယ်ဝန်ရှိနေပြီဟုသိလိုက်ကတည်းက ချစ်သူရဲ့အမုန်းတွေခံယူဖို့ကြိုတင်ပြင်ဆင်ခဲ့သည်..လက်တွေ့တွင် ယခုလောက်နာကျင်ရလိမ့်မည်ဟု
သူကြိုတင်မတွက်ဆထားမိသည်မှာ သူရဲ့ပြင်ဆင်မရသော အမှားတစ်ခုပင်။မုန်းပါ နိုင်း မင်းစိတ်ကြိုက်မုန်းလိုက်ပါ နိုင်း ငါဆိုတဲ့ကောင်ကလဲ မင်းမုန်းတာထက် အဆပေါင်းများစွာ
မင်းကိုချစ်နေမှာပါ နိုင်း..မင်းကို ငါနဲ့မမလုပ်ခဲ့တဲ့အပြစ်တွေတွက် မင်းစိတ်တိုင်းကျပြန်လည်ပေးဆပ်ဖို့ဝန်မလေးဘူး ချစ်သူ..ထိုညက သက်တန့်ပြန်မလာဟု မေမေအား အန်တီနန်းမှ ငိုကြီးချက်မဖြင့် လာပြောသည်။တော်တော်လေးညည့်နက်မှ မိုးရေတွေတစ်ကိုယ်လုံးစိုရွှဲပြီး ခြံတံခါးဖွင့်ဝင်လာသောသက်တန့်ကို သူ့အခန်းပြတင်းပေါက်မှတစ်ဆင့်တွေ့လိုက်ရသည်။
STAI LEGGENDO
နှလုံးသားရဲ့စည်းချက် (Completed)
Storie d'amore"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...