အခန်း(၁၉)

16.4K 1K 16
                                    

[Zawgyi]
ကျေးငှက်လေးတွေရဲ့ ပိကျိ ပိကျိအော်သံလေးနဲ့အတူ နေ့တစ်နေ့ရဲ့မနက်ခင်းလေးသည် အိပ်မောကျနေသော ကမ္ဘာ မြေပေါ်သို့ တိုးဝင် ၀င်ရောက်လာသည်။ဘေးနားတွင်အိပ်မောကျနေသော လူတစ်ဦးကြောင့် နိုင်းရဲ့ မနက်ခင်းလေးဟာ အရာရာပြည့်စုံနေသည်။ချစ်စရာကောင်းလောက်အောင် စောင်တွေနှင့်လုံးရင်း အိပ်ပျော်နေသော ပရုပ်လုံးဖြူလေးကြောင့် နိုင်းရင်တွေ အဆမတန်ခုန်နေသည်။

ထိုပရုပ်လုံးလေးအား ကိုက်ဆွဲချင်စိတ်ပေါက်နေသည်။သို့သော် ထိုသို့လုပ်လို့မဖြစ်သေး..လက်က ခါးပတ်ကြိုးကိုအရင်ဖြည်ပေးရဦးမယ် မနေ့ညထဲကဒီလိုပုံစံနဲ့ အိပ်ပျော်သွားသော ကလေးလေး ဘယ်လောက်တောင်နာကျင်နေလိမ့်မလဲ...

လက်ကောက်ဝတ်နှစ်ဖက်လုံး၌ရှိနေသော ရဲရဲနီကြိုးရာလေးကို ဖွဖွလေးနမ်းမိလိုက်တော့ လှုပ်သွားသောကလေးနိုးသွားမလား လန့်သွားမိသည်။ကျေးဇူးတင်စရာကောင်းလောက်အောင်ပင် ကလေးလေးကအိပ်မောကျနေဆဲ..

တကယ်တော့မနေ့က သက်တန့်ကိုသူအော်လိုက်မိတာကြောင့် သက်တန့်တစ်ယောက်ဝမ်းနည်းပြီး ခြံဘက်ထွက်သွားသောကြောင့် သက်တန့်ကိုတောင်းပန်ရန် နိုင်းနောက်မှလိုက်ခဲ့သည်..

သို့သော် ခြံထဲမှနေ သက်တန့်ကြောင့် နိုင်းကြည့်မရသော ၀တ်မှုံလှိုင်နှင့်သက်တန့်အတူတူထွက်သွားသည်ကိုမြင်လိုက်ရသဖြင့်  နိုင်းနှလုံးသွေးတို့ပွက်ပွက်ဆူလာရလေသည်..

သက်တန့်ပြန်အလာကို အိမ်ပြန်စောင့်သော်လည်း..မိုးချုပ်တဲ့ထိပြန်မလာသေးသော သက်တန့်ကြောင့် နိုင်းရဲ့သ၀န်တိုစိတ်တို့ ထိန်းမရအောင်ကို ဖြစ်လာသည်..သ၀န်တိုစိတ် ဒေါသစိတ် သောက်ထားသောဝိုင်အရှိန်တို့နှင့်ပေါင်းကာ သက်တန့်တစ်ယောက်ကို နိုင်း သိမ်းပိုက်မိလေသသည်..

တောင်းပန်ပါတယ်..သက်တန့်ရာ..ငါရဲ့ထိန်းချုပ်မရတဲ့
သတွေ..မင်းငါ့နားကထွက်သွားမှာစိုးတဲ့ စိုးရိမ်စိတ်တွေနဲ့ ငါမင်းကို သိမ်းပိုက်ခဲ့မိတယ်..မင်းငါ့ကြောင့်ခဏခဏနာကျင်နေရတာ ငါသိပါတယ် သက်တန့်ရာ..မင်းမှာဘာအပြစ်မှမရှိပါဘူး..ငါ့ဆိုတဲ့အသုံးမကျလွန်းတဲ့ လူတစ်ယောက်ကိုချစ်မိတဲ့အပြစ်လေးပဲရှိတာပါ..သက်တန့်ရာ..

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now