[Zawgyi]
ချစ်သူ..နောင်ဘ၀ဆိုတာရှိခဲ့ရင် ဆုတောင်းမှားခဲ့တဲ့ ဒီလိုအချစ်တွေနဲ့ ငါတို့နှစ်ယောက်ပြန်မတွေ့ကြရအောင်ကွာ...
ဖြူစင်စွာပြန်တွေ့ကြရအောင်နော်..အဲ့ခါကျမင်းလဲ ငါ့ကို ချစ်တယ်လို့ အားရပါးရ အော်ဟစ်ပြီး ဖွင့်ပြောနော်..
ငါကလဲ ရင်ခုန်သံစည်းချက်တွေကို ပျော်ရွှင်စွာဖွင့်ဟနေတဲ့ အရူးလေးတစ်ယောက်ကို မြတ်နိုးစွာငေးကြည့်ရင်း မင်းကို ချစ်တယ်ဆိုတာထက် ပိုပါတယ်ကွာလို့ပြောရင်း ရင်ခွင်ထဲမှာ လုံခြုံစွာထွေးပွေ့ထားပါရစေကွာ..
အေးမြသောလေပြေနှင့်အတူ ပါးပြင်ပေါ်သို့် နူးညံ့စွာတိုးဝင်လာသောအထိအတွေ့တစ်ခု...သက်တန့်မနေ့ညကငိုရင်းအိပ်ပျော်သွားခဲ့တာ...ုအိပ်မက်လိုလိုတကယ်လိုလိုနဲ့ပါးပြင်သို့ထိတွေ့လာသောပူနွေးမှုတစ်ခုကြောင့် သက်တန့်မျက်လုံးအစုံကိုပွတ်ပြီး မဖွင့်ချင်ဖွင့်လိုက်သောအခါ ရှေ့တွင် အ၀တ်အစားလဲနေသောနိုင်းကြောင့် အသက်ရှူများပင်မှသွားရသည်..
နိုင်းဘယ်အချိန်တည်းကပြန်ရောက်နေတာလဲ..နေဦး..နိုင်းဆံပင်ညှပ်ထားတာလား..ဘေးနှစ်ဖက်ကိုရှိတ်ထိုး၍ညှပ်ထားသော နိုင်းဆံပင်ပုံစံကြောင့် နိုင်းသည်သက်တန့်မျက်လုံးထဲတွင် သက်ရှိနတ်ဘုရားတစ်ပါးနှယ် လွန်စွာမှ သန့်ပြန့်ခန်ချောနေသည်..
သက်တန့်တစ်ယောက်နိုင်းရဲ့ချောမောခန့်ညားမှုကို ဈာန်သက်ဝင်နေခိုက် နိုင်းဆီမှ "အဟမ်း"ဟူသောချောင်းဟန့်သံကြားမှ သူအသိစိတ်ပြန်ကပ်လာမိသည်..ဟင်...ဒါဆို ခုနပါးပြင်ပေါ်ကပူနွေးနွေးက နိုင်းသူ့ကို....
"ဘာတွေအဲ့လောက်တောင်ငေးကြည့်နေရတာလဲ သက်တန့်.."
မိန်းမပျိုလေးတစ်ယောက်နှယ်ရှက်သွေးဖြာသွားသောပါးကို နိုင်းမရိပ်မိအောင် အလျင်အမြန်ဖုံးဖိကာ စကားလမ်းကြောင်းမြန်မြန်လွှဲလိုက်ရသည်.
"နိုင်း..ဘယ်တုံးကပြန်ရောက်နေတာလဲ.."
"မနက်အစောကြီးရောက်လာတာ..ပြန်ရောက်တော့ မင်းအိပ်နေလို့ မနိုးပဲ ရေမိုးချိုးလိုက်တာ..ထ..ငါလက်ဆောင်တွေဝယ်လာတယ်..မင်းကလဲ အိပ်ပုတ်ကြီးချက်..နေဖင်ထိုးနေပြီ..ခုထိမထသေးဘူးလား.."
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...