💛🌸Daffodil ( 1 )🌸💛

10.5K 435 24
                                    

[Zawgyi]

တစ်နေ့ကုန် အသစ်ရောက်ရှိလာသောကာနေရှင်းပန်းမျိုးစိတ်သစ်တွေအား စိုက်ပျိုးရန် အလုပ်သမားတွေနဲ့ကြိုးစားအားထုတ်နေရသောကြောင့် သက်တန့်တစ်ယောက်ခြေကုန်လက်ပမ်းကျနေပေသည်..နိုင်းအဖေအမွေပေးထားသော ပြင်ဦးလွင်ရှိလီလီပန်းခင်းနှင့် ဂန္ဓာမာပန်းခင်းကြီးမှ ၀င်ငွေအလုံအလောက်ရရှိနေသော်လည်း..

အခုက ပါးစပ်ပေါက်တစ်ပေါက်တိုးလာပြီဖြစ်သောကြောင့် မကြာသေးခင်ကမှ Botany major ဖြင့် Sydneyတွင် Diplomaယူလာသောသူငယ်ချင်းမလေး ၀တ်မှုံနှင့်တိုင်ပင်ပြီး ညောင်ရွှေဘက်တွင်ရှိတဲ့ နန်းပွန်ရွာတွင် ကာနေရှင်းများစိုက်ရန် ရည်ရွယ်မိသည်..

အနည်းဆုံး နေရောင်ခြည်5နာရီခန့်ရမှသာစိုက်ပျိုးလို့ အဆင်ပြေတဲ့ ပန်းမျိုးစိတ်ဖြစ်တာကြောင့် နေရောင်ခြည်အသင့်အတင့်ရရှိပြီး ရာသီဥတုလဲကောင်းမွန်သော မြေဆီကောင်းသည့် နန်းပွန်ရွာလေးကို သူရော ၀တ်မှုံပါ နှစ်ဦးသဘောတူရွေးချယ်ခဲ့ခြင်းဖြစ်သည်..အခုလည်း ကာနေရှင်းမျိုးစိတ်တွေအား စတင်စိုက်ပျိုးရန် ၀တ်မှုံရော သူပါနန်းပွန်သို့ရောက်နေပေသည်..

ဝတ်မှုံလည်း နိုင်ငံခြားကပြန်လာပြီးကတည်းက သူ့ပန်းဆိုင်လေးတွင် ရှယ်ယာထည့်ကာ နှစ်ဦးပေါင်း၍ ပန်းဆိုင်လေးကိုဦးစီးနေခြင်းဖြစ်သည်..အစတုံးကတော့ သူနဲ့ပတ်သက်ပြီး နိုင်းတစ်ယောက် ၀တ်မှုံလှိုင်ကိုကြည့်မရသော်လည်း အချိန်ကြာလာသည့်နှင်အမျှ အဖြူထည်ဆန်သည့် ၀တ်မှုံ၏သဘောထားကို နိုင်းတစ်ယောက်တဖြည်းဖြည်းသိမြင်လာကာ အခုဆိုလျှင် သူကိုယ်တိုင်ပင် ၀တ်မှုံနှင့် စိတ်ချလက်ချလွှတ်နေပေသည်..

"You are my sunshine through the sky...~~"

အလုပ်သမားတွေအား နေပူကြီးထဲတွင်ကြီးကြပ်နေစဉ် မြည်လာသောဖုန်းသံကြောင့် ကိုင်လိုက်မိတော့..ကျနော့်ရဲ့နှစ်ယောက်မရှိတဲ့ချစ်ရသူကြီး..

"နိုင်းပြော."

"သက်တန့်ထမင်းစားပြီးပြီလား..ပြန်မလာသေးဘူးလား.."

"ထမင်းကမစားရသေးဘူး..ဒီညနေတော့ပြန်လာမယ်..စိတ်မပူနဲ့နော်..မင်းရောအိမ်မှာတစ်ယောက်တည်း သမီးလေးနဲ့အဆင်ရောပြေရဲ့လား"

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now