[Zawgyi]
"နိုင်း...မြန်မြန်လုပ်လေကွာ..ဘာလုပ်နေတာလဲ.."
"ငါလက်မှတ်ပျောက်နေလို့...ရှာလို့လဲ မတွေ့ဘူး..ရှာတာလည်းနှံ့နေပြီ.."
သေလိုက်ပါတော့ နိုင်းရယ်..နိုင်းဖေဖေသူတို့နှစ်ယောက် ဟန်နီမွန်းထွက်ရန် လက်ဆောင်ပေးထားတဲ့S'pore လေယာဉ်လက်မှတ်လေး..ဒီဗရမ်းဗတာနိုင်းနဲ့တော့ ခက်ပါပြီကွာ..
အခုဆိုနိုင်းနှင့် သက်တန့်တို့အိမ်ထောင်ရေးသည် အစစအရာရာ အရာရာအဆင်ပြေနေသည်..နိုင်းတို့အသိုင်းအ၀ိုင်း ကလဲ သက်တန့်တို့ကိုကြည်ဖြူနေပြီ..သက်တန့်ဖေဖေကလဲ အရင်လိုမဟုတ်တော့ သက်တန့်ကိုပြန်လက်ခံနေပြီဖြစ်သည်..ပြသနာက ...အိမ်ထောင်သက်ပဲ တစ်နှစ်ပြည့်တော့မယ် ဟန်နီမွန်းမထွက်ရသေးသော သူတို့အတွဲ..အခုထွက်ရဖို့ ကံတရားကမျက်နှာသာလေးပေးတော့ ကိုယ်တော်ချောနိုင်းက လက်မှတ်ပျောက်နေသည်တဲ့..မင်းနဲ့တော့ ငါကြာကြာနေရင်ရူးမှာပဲ နိုင်းရယ်..
"နိုင်း..တွေ့လား.??"
"ဟီးးး...မတွေ့ဘူး.."
"နိုင်းး..."
ဒေါသတကြီးလေးအော်လိုက်တော့မှ သကြားနဲ့ချိုချဉ်တွဲထားတဲ့ ကိုယ်တော်ချောမျက်နှာပိုးက အရှိန်သပ်တော့တယ်..
"ငါကသက်သက်ချစ်လို့နောက်တာပါကွာ..ငါတို့ရဲ့လက်ထပ်ပြီး တစ်နှစ်ကြာမှ ထွက်ရတဲ့ ဟန်နီမွန်းလေးကို ငါကဖျက်စီးမလားကွ.."
"မင်းက ယုံရမလားကွ.."
"လာပါကွာ..လေယာဉ်ထွက်တော့မယ်.."
ကျနော့်လက်ကိုဆွဲပြီး စစ်ဆေးရေးဂိတ်ဆီဦးတည်သွားသော ကျနော်အချစ်ရဆုံးသော နှစ်ဦးမရှိသူ..သူကျနော့်လက်ကိုအဆုံးထိကိုင်ဆွဲထားပေးတဲ့အတွက် ကျနော်သူ့ကိုအမြဲကျေးဇူးတင်နေမှာပါ..နိုင်း ဒီဘ၀.. မဟုတ်ဘူး နောက်ဘ၀များစွာတိုင်..ငါလက်ကိုအခုလိုလေးပဲ ကိုင်ဆွဲထားပေးနော်..မင်းနဲ့အတူရှိနေရရင် ငါ့နှလုံးသားလေး လုံခြုံလွန်းလို့ပါကွာ..
နာရီပေါင်းများစွာ လေယာဉ်စီးပြီးတဲ့သကာလမှာတော့ ကျနော့်ငယ်စဉ်ကစိတ်ကူးယဉ်နိုင်ငံလေး S'pore ကိုခြေခြနိုင်ခဲ့ပြီ..အတွေးနဲ့ပင်ဝမ်းသာနေခိုက် နိုင်း ဘာမပြောညာမပြောနဲသူ့လက်ကိုဆွဲခေါ်သွားကာ ဟိုတယ်သို့ခြေလှမ်းပြင်နေပြီ..အခန်းထဲရောက်တော့လဲ ကိုယ်တော်ချောမှာ အင်္ကျီပင်မလဲနိုင် ကုတင်ပေါ်ထိုးအိပ်နေပြီ..ဪ သူတော်တော်ပင်ပန်းနေတာ လေယာဉ်ပေါ်မှာလဲ တစ်ချိန်လုံးအိပ်စီးလိုက်လာတာလဲ သူပဲ..တတ်လဲတတ်နိုင်တဲ့ နိုင်းစုတ်..
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...