[Zawgyi]
ကျနော့်ရဲ့ ပထမဆုံးသောOC fic နှလုံးသားစည်းချက်လေးက ဒီမှာတင်ပြီးဆုံးသွားပါပြီ..ပထမဆုံးကျေးဇူးတင်ချင်တာ ကျနော့်ဒီficကိုစရေးတုံးက တစ်ယောက်တည်းသော စာဖတ်သူဖြစ်ပေးခဲ့တဲ့ ကျနော့်သူငယ်ချင်းလေးပါ😍..နောက်ထပ်ကျေးဇူးတင်ချင်တာကတော့ တကယ့်ကိုကျနော့်ရဲ့ vitaminလေးတွေ readernimလေးတွေပါ..😍
ပထမစရေးတုံးက ကျနော့်သူငယ်ချင်းကလွဲလို့ကျနော့်ficကိုဖတ်မယ့်သူမရှိပါဘူး ဒါပေမဲ့ ကျနော် သူ့အတွက်ပဲဖြစ်ဖြစ်ဆက်ရေးရမယ်ဆိုပြီး ဆက်ရေးရာကနေ တဖြည်းဖြည်း ဖတ်လာပေးတဲ့ readernimလေးတွေကိုတွေ့လာရတဲ့အခါ ကျနော်တကယ်ပဲ မျက်ရည်ကျတဲ့အထိဝမ်းသာမိပါတယ်😭်..
ကျနော့်ရဲ့ပထမဆုံးအရေးအသားဖြစ်တဲ့အတွက် လုံးဝကို ချာနေမယ်ဆိုတာ ကျနော်သိပါတယ် ဒါပေမဲ့လေ ကျနော်ဒီficလေးကိုတကယ်ပဲအားစိုက်ထားပါတယ် ကျနော့်ရဲ့ရည်ရွယ်ချက်ကလေ ကျနော့်ficလေးဖတ်ပြီး တစ်ခုခုခံစားမိသွားစေချင်တာပဲ ဒါကြောင့်ကျနော် ဒီficလေးနဲ့ပတ်သက်ပြီး ပန်းလေးတွေအကြောင်းကိုကျနော်တတ်နိုင်သလောက်လေ့လာခဲ့တယ် readernimတို့လဲ ပန်းလေးတွေအကြောင်းတော်တော်လေးသိသွားပြီထင်ပါတယ် အများကြီးမဟုတ်တောင် နဲနဲလေးပဲဖြစ်ဖြစ်ပေးလိုက်နိုင်လို့ ကျနော်ဝမ်းသာပါတယ်
ဒီနေရာမှာ ကျနော်ပြောချင်တာတစ်ခုရှိပါသေးတယ် ဇာတ်ကောင်နာမည်လေးတွေပါ ကျနော့်ဇာတ်ကောင်လေးတွေကို ဇာတ်လမ်းနဲ့လိုက်ဖက်မယ့် သူ့အဓိပ္ပာယ်နဲ့သူ နာမည်ပေးရမှာမို့လို့
ကျနော် ဒီနာမည်လေးတွေကို သုံးဖြစ်တာပါ နိုင်းနဲ့သက်တန့်ကို သူတို့မေမေတွေမှ နာမည်ပေးဖြစ်ပုံကို ကျနော်ficထဲမှာ သေချာရှင်းပြခဲ့ပါတယ်နော်..နိုင်းကိုတော့ ကျနော်daffodils ပန်းလေးနဲ့နှိုင်းဖွဲ့ချင်လို့ march 9မှာမွေးခိုင်းခဲ့တာပါ ပြီးတော့ March 9က ကျနော့်ချစ်ရတဲ့idol BDလေးပါ ဟုတ်ကဲ့ပြောချင်တာကတော့ ဒီcharacter name လေးတွေက ကျနော်ကိုယ်တိုင်ဖန်တီးထားတာပါ အကယ်၍များ sunbaeတွေရဲ့character name လေးတွေနဲ့ တိုက်ဆိုင်မှုရှိခဲ့ရင် ကျနော်အနူးအညွှတ်တောင်းပန်ပါတယ်နော်...ပြီးတော့ ကျနော် cb book လေးဖြစ်တဲ့ "အမုန်းထက်ပိုသော" ficလေးကို အသေအချာပြင်ဆင်နေပါတယ်.. စာကြည့်တိုက်ကတစ်မျိုး အင်တာနက်တစ်မျိုး ကျနော်နည်းလမ်းမျိုးစုံသုံးပြီး ကျနော်factလေးတွေစုဆောင်းနေပါတယ် ကျနော်မတူတဲ့ရသနဲ့ပြန်လာမှာပါ "နှလုံးသား စည်းချက်"နဲ့လုံးဝကွဲနေမှာပါ..အဲ့ခါကျရင် အားပေးပေးဖို့ ကျနော်readernimလေးတွေကိုတောင်းဆိုလို့်ရမလား..🙏🙏
BINABASA MO ANG
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...