အခန်း(၂၂)

15.4K 989 7
                                    

[Zawgyi]

မြန်မာနိုင်ငံ၏ ပန်းမြို့တော် ပြင်ဦးလွင်မြို့လေးရှိ အလှဆုံးသော ဥယျာဉ်အိမ်လေးတွင် သူနှင့်တူသောပန်းလေးများစိုက်ပျိုးရင်းအလုပ်ရှုပ်နေသောကောင်လေးတစ်ယောက် တစ်လောကလုံးသူ့လုပ်စာထိုင်စားထိုင်စားထားသည့်ပုံနှင့် မျက်နှာမှာ ခရမ်းသီးမီးဖုတ်ဖြစ်နေသည်..

ကျေးငှက်တို့၏တွန်ကျူးမြည်သံကိုလည်း မကြား..သူကိုယ်တိုင်လက်နှင့်စိုက်ပျိုးနေသော ပန်းလေးတွေ၏အလှကိုလဲမခံစားနိုင်..သူ၏မျက်နှာတွင်အလိုမကျမှုများစွာ ကိန်းအောင်းနေသည်...

အခုနေသက်တန့်အားတစ်ယောက်သွားထိပါက ထိသည့်သူပါ အပိုင်းပိုင်းပြတ်သွားနိုင်သည့်အနေအထား..သူနိုင်းကိုမတရားလွမ်းနေသည်..နိုင်းအလုပ်ကိစ္စကြောင့် ရန်ကုန်ဆင်းသွားတာ သုံးရက်ခန့်ကြာမည်တဲ့..အခုကနှစ်ရက်မြောက်နေ့..

မနေ့ညကလဲအမြဲအတူရှိခဲ့ဖူးသော ခန္ဓာနွေးနွေးအား အေးမြသောရာသီဥတုတွင်တောင့်တရင်း သူတစ်ညလုံးအိပ်မပျော်..နဂိုထဲကမှ ဘေးနားရှိရင်တောင် လွမ်းနေတာ..အခုသုံးရက်ကြီးများတောင်..သေလိုက်ပါတော့ သက်တန့်ရယ်..သူထားရစ်ခဲ့ရင်မင်းကနေခဲ့ရမယ့်အကောင်ကွ..အခုထဲကဒီလောက်လွမ်းနေရင်းဘယ်လိုလုပ်မလဲ..သူတစ်ဘ၀လုံးစာသာထားခဲ့ရင်း..

ဟင့်..အင်း..အဲ့အတွေးတွေကို စိတ်ကူးနဲ့တောင်မတွေးချင်..သက်တန့်ခေါင်းကိုခပ်ပြင်းပြင်းတစ်ချက်ခါရင်း အပြစ်မရှိသောမြေကြီးကိုသာ အငြိုးတကြီး ခက်ရင်းခွဖြင့် ထိုးဆွနေမိသည်..

ကိုယ့်ဘာသာလွမ်းဆွေးနေတာတောင် ကောင်းကောင်းလွမ်းခွင့်မပေးသော ဖုန်းသံကြောင့် ဘောင်းဘီအိတ်ထဲမှ ဖုန်းကိုထုတ်ပြီးပွစိပွစိပြောနေမိသည်..သို့သော် ဖုန်းscreenပေါ်ရှိ နာမည်ကြောင့် သက်တန့်မျက်နှာမှိုတင်မဟုတ် စိန်ပါရလာသောအနေအထား..

"သက်တန့်..~"

"နိုင်း..ပြောလေ..."

"ငါမနက်ဖြန်ညပြန်ရောက်မယ်...မင်းဘာမှာဦးမလဲ လှမ်းမေးတာ.."

"ဘာမှမမှာတော့ပါဘူး မင်းအဆင်ပြေတာဝယ်ခဲ့လေ.."

"အဲ့တာဆို မင်းအကြိုက် Eldorado cakeနဲ့ Next Generationက အ၀တ်အစားအချို့ဝယ်ခဲ့မယ်ကွာ..မင်းမှာလဲ အ၀တ်အစားအသစ်တွေမရှိတော့ဘူးမလား..ရန်ကုန်ကထွက်လာတဲ့နောက်ပိုင်း"

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now