အခန်း(၁၅)

15K 1K 18
                                    

[Zawgyi]

လောကရဲ့အလှအပကို ပြည့်စုံခွင့်ပေးနေသော ပန်းလေးများ၏အနားတွင်လည်း ပန်းချစ်သူပျားလေးများကလဲ တ၀ီဝီနှင့် အစွမ်းကုန် ပန်းလေး၏အလှအပကို ခံစားနေပေသည်။

သိပ်လှသည်..သိပ်လှသည်..တောက်ပတဲ့အဆင်း သင်းပျံ့တဲ့မွေးရနံ့လေးတွေနှင့် ပန်းလေးတွေသိပ်လှသည်။ဒါဆို ပန်းလေးလိုလှတဲ့ချစ်ရသူကရော...~

တကယ်ဆို ယောက်ျားလေးတစ်ယောက်ကို လောက၏အနူးညံ့ဆုံးပန်းလေးနှင့် ခိုင်းနှိုင်းရသည်မှာ တော်တော်လေးတော့ ကြောင်တောင်တောင်နိုင်သည့်အလုပ်

သို့သော် သူ့ရဲ့ချစ်ရသူကတော့ တကယ်ပင် သူချစ်သောပန်းလေးတွေလိုပဲ နူးညံ့လှပလွန်းနေသည်မဟုတ်လား....

နိုင်းနဲ့သက်တန့်တို့ ကိုယ်တိုင်ရေးပြဇာတ်တွင် နှစ်ယောက်သားကလာကြသည်မှာ ၁ပတ်ကျော် ၂ပတ်နီးပါးခန့်တောင်ရှိနေပြီ ဖြစ်သည်။ ကျော်စွာတို့ရှေ့ရောက်လျှင် နိုင်းသူကို သိပ်ကြင်နာပြသည်။သိပ်ချစ်ပြသည်။ဖြစ်နိုင်ရင်ထိုအချိန်တွေကို ရပ်တန့်ထား
ချင်မိသည်။

ပိတ်ကားကွယ်ရာတွင်တော့ သူတို့၂ယောက်သည် ခဏတာ သိကျွမ်းခဲ့သော မိတ်ဆွေနှစ်ဦးအဆင့်မျှသာ။နိုင်းတစ်ယောက် ခုတလောစိတ်တွေသိပ်ရှုပ်နေပုံရသည်။ဆေးလိပ်တွေကိုသာ လိမ့်ပိတ်သောက်နေသည်။စိတ်ပူမိလို့ပြောမိပြန်တော့ "မင်းအပူဘာပါလဲ"ဟူသော ခပ်စိမ်းစိမ်းတုံ့ပြန်မှုသာရခဲ့သည်။

နောက်အပတ်ဆို သူတို့ဘွဲ့တွေယူရတော့မည်။မကြာခင် ကိုယ့်လမ်းကိုကိုယ်လျှောက်ရတော့မည်။ကျောင်းပြီးလျှင် ပန်းဆိုင်လေးတစ်ဆိုင်ဖွင့်ချင်သော သူ့ဆန္ဒကြောင့် သက်တန့်တစ်ယောက် အချိန်ပိုင်းအလုပ်တွေ မရပ်မနားလုပ်ကာ စုဆောင်းခဲ့သည်မှာ အတော်အသင့်ရနေပြီဖြစ်သည်။

နိုင်းသည်လည်း ကျောင်းပြီးလျှင် အလုပ်တစ်ခါတည်းဝင်နိုင်ရန် သူ့အဖေကုမ္ပဏီတွင် အလုပ်သင်အနေနဲ့ အလုပ်ဝင်နေပြီဖြစ်သည်။လွန်ခဲ့တဲ့၂လကတောင် နိုင်းတစ်ယောက် စီးပွားရေးနဲ့ ပတ်သက်သောဒီပလိုမာသွားယူရန် ၂ပတ်ကြာ ယူအက်စ်ကိုသွားရသည်။ နိုင်းတက်သောမြန်မာပြည်က စီးပွားရေးကျောင်းမှာ နိုင်ငံခြားနဲ့တစ်ခါတည်းချိတ်ဆက်ထားသောကြောင့် ဒီပလိုပဲယူရန် ၂ပတ်ပဲသွားရသော်လည်း သူ့မှာတော့သေမတတ်လွမ်းနေရသည်မဟုတ်လား~

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now