[Zawgyi]
တစ်ဖြောက်ဖြောက်ကျနေသောမိုးရေစက်သံတို့နှင့်အတူ စောင်ပုံထဲတွင်ကွေးရင်း တစ်ယောက်ရင်ငွေ့တစ်ယောက်ခိုလှုံကာ ဖုန်းတစ်လုံးနှင့်ဈာန်ဝင်စားနေသောလူသားနှစ်ယောက်..
တစ်စုံတစ်ယောက်သောသူက ph screenကျွံကျမတတ်ကြည့်နေသော်လည်း တစ်စုံတစ်ယောက်သောသူသည်ကား တစ်စုံတစ်ခုအား ပြောလိုဟန်အရိပ်အယောင်ဖြင့် ဘေးကလူအား ခေါင်းတလှည့်လှည့်ဖြင့် ကြည့်နေသည်.."နိုင်းမနက်ဖြန်ဘာနေ့လဲမှတ်မိလား.."
"မှတ်မိတယ်လေ ငါတို့ရဲ့ anniversaryနေ့လေ"
သူမှတ်မိစေချင်နေသည်ကို နိုင်းမှတ်မိတယ်ဆိုသောကြောင့် ပျော်ရွှင်ခြင်းအဟုန်ဖြင့် သက်တန့်တစ်ယောက် netflixမှဇာတ်လမ်းအား စိတ်ဝင်တစားကြည့်နေသောနိုင်းရင်ခွင်ထဲမှထကာ နိုင်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်..
ု"အဲ့တာဆို မနက်ဖြန်ဘာအစီအစဉ်ရှိ.."
"အာ~ဆောရီးပါသက်တန့်ရေ ငါမနက်ဖြန်အလုပ်ကိစ္စနဲ့ခရီးသွားရမယ် အဲ့တာမနက်ဖြန်တော့ဘာမှမလုပ်ဖြစ်ဘူး ဆောရီးပါကွာ.."
လက်ထဲမှဖုန်းကိုမချဘဲ နှစ်ပတ်လည်နေ့မှာအလုပ်ကိစ္စဖြင့်ခရီးသွားရမည်ဆိုသည်ကို အေးဆေးပြောနေနိုင်သော အနှီလူသား နိုင်းအား သက်တန့်စိတ်မရှည်တော့..လက်ထဲမှဖုန်းကိုအတင်းဆွဲလုကာ ဖုန်းကိုပိတ်ထားလိုက်သည်..
"ဘာလို့ အလုပ်ကိစ္စနဲ့ခရီးသွားရမယ်ဆိုတာကို ကြိုမပြောတာလဲ..ငါမမေးရင်ဖြေဖို့တောင်အစီအစဉ်မရှိဘူးမလား.."
"ဟာ သက်တန့်ဘာလို့ဖုန်းကိုပိတ်လိုက်တာလဲ ဒီမှာဇာတ်လမ်းကောင်းနေတာကို.. သမီးလေးသူ့အဘွားတွေဆီရောက်နေတုံးလေး အနားယူနေရတာကို ငဂျစ်ကောင်.."
သက်တန့်ပိတ်လိုက်သောသူ့ဖုန်းကိုအမျှင်မပြတ်နိုင်စွာ စိတ်ပျက်လက်ပျက်ပြောနေသောနိုင်းအား သက်တန့်တစ်ယောက် high pitchနှင့်ပင် အားကုန်အော်ဟစ်လိုက်လေသည်...
"နိုင်း..စောက်ခွက်လာမပြောင်နဲ့နော်....ငါအတည်ပြောနေတာ အဲ့ဇာတ်လမ်းနဲ့ ငါနဲ့ဘယ်သူအရေးကြီးလဲ..ပြော"
ВЫ ЧИТАЕТЕ
နှလုံးသားရဲ့စည်းချက် (Completed)
Любовные романы"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...