[Zawgyi]
နိုင်းနှင့်သက်တန့်၏ အခြေအနေသည် ပြောင်းလဲလာသောရာသီနှင့်အတူ လိုက်လံပြောင်းလဲခဲ့ပေ။ပုံမှန်အတိုင်းသာ လှည်ပတ်ဖြစ်ခဲ့သည်။ထို့သို့မပြောင်းလဲသည်မှာ သက်တန့်အတွက် အထူးဆန်းကြီးထူးဆန်းနေတော့သည်။
တကယ်ဆို နိုင်း သူကိုမုန်းနေသည်မဟုတ်လား။နိုင်းမှာထိုသို့မဟုတ် ပုံမှန်တိုင်းပဲသူနှင့်အတူကျောင်းသွားသည်။ပုံမှန်တိုင်းသင်တန်းတက်သည်။တကယ့်ကို ပုံမှန်လေးမှ ပုံမှန်လေးပင်ဖြစ်သည်။ ထိုသို့ပုံမှန်ဖြစ်နေသည်ကို သက်တန့်ဘ၀င်မကျခဲ့ပေ။
သို့သော်....ပုံမှန်မဟုတ်သောအရာတစ်ခုရှိသည်။ထိုသည်မှာ နိုင်းအကြီးကြီးပြောင်းလဲသွားခဲ့သည်။နိုင်းရည်းစားတွေကို မှိုလိုပေါက်တွဲခဲ့သည်။ကျောင်းတွင်းရော ကျောင်းပြင်ပရှိ မိန်းမလှလေးများနှင့် နိုင်းတွဲခဲ့သည်။
ရုပ်ရည်လည်းချောမော အစစအရာအရာပြည့်စုံလွန်းလှသော နိုင်းကြောင့် ကောင်မလေးများသည်လည်း လိုလိုချင်ချင်ပင် နိုင်း၏ညွတ်ကွင်းထဲစွတ်တိုးဝင်ခဲ့သည်၊
နိုင်းတို့ရည်းစားပေါများလိုက်ပုံများ ရာဇူးတစ်ခွင်တွင် အသည်းစားဘုရင် ဘွဲ့ထူးနာမတစ်ခုကို ဆက်ခံရရှိထားသေးသည်။စိတ်လိုလက်ရ အားရပါးရပြုံးရယ်တတ်သော သွားတက်လေးတွေနဲ့ နိုင်းရဲ့အပြုံးလှလေးတွေကို မမြင်တွေ့ရတာကြာလေပြီ။
နွေးထွေးလှသော မျက်ဝန်းညိုကြီးများအစား ခက်ထန်အေးစက်လှသော မျက်ဝန်းတစ်စုံက အစားထိုးဝင်ရောက်နေခဲ့ပြီဖြစ်သည်။ပန်းပွင့်ဖြူလေးတစ်ပွင့်နှယ် ဖြူစင်လှသော နိုင်းအား သူအရောင်ဆိုးခဲ့လေပြီလား....
နယ်ဝေးတွင် သူချစ်ရသူနှင့်အဆင်ပြေနေသော မမနှင့်ဖုန်းရလျှင် သူ့ရင်ထဲ၌မတင်မကျဖြစ်နေသော အကြောင်းအရာတစ်ချို့ကို သူရင်ဖွင့်မိသည်။တစ်ခါတရံ"ံ မမရေ... ကျနော့်အဖြစ်ကို လာကြည့်ပါဦးဗျ"ဆိုပြီး ဖုန်းထဲမှ လှမ်းလှမ်းအော်မိသောအခါ ကျနော်တို့အကြောင်းအစစအရာရာသိထားသော မမက တောင်းပန်စကားဆိုသည်။
တစ်ခါတလေ လုပ်ရက်နိုင်လှသော မမကိုဒေါသထွက်မိသော်လည်း ချစ်ရသူ၏ရင်သွေးကိုလွယ်ပြီး အပျော်ကြီးပျော်နေသောမမကြောင့် သူ့ဒေါသတွေကို မျိုသိပ်ထားလိုက်ရသည်။
YOU ARE READING
နှလုံးသားရဲ့စည်းချက် (Completed)
Romance"မင်းက ငါ့အတွက်တော့ ပန်းနဲ့တူတဲ့ချစ်သူ နူးညံ့လွန်းတဲ့မင်း ကြွေကျပျက်စီးသွားမှာ စိုးလို့ မထိရက်မကိုင်ရက်ချစ်ခဲ့ရသည်လေ... မင်းမမြင်တဲ့ကွယ်ရာမှာတော့ ငါနှလုံးသားတစ်စုံက မင်းရှင်သန်ဖို့ မြေဩဇာအဖြစ် ကြွေကြမြေခပျက်စီးခဲ့ရတယ်.. ဒါပေမဲ့ ငါပျော်ပါတယ်ချစ်သူ...