💛🌸Daffodil( 2 )🌸💛

7.8K 362 28
                                    

[Zawgyi]

🚫🚫🔥

ကြည်လင်တောက်ပနေသောရာသီဥတုနဲ့အပြိုင် ခြစ်ခြစ်တောက်ပူနေသောနေရောင်ကို အံတုကာ သက်တန့်တစ်ယောက် ပန်းခြံအတွက်လိုမည့်မျိုးစိတ်များဝယ်ရန် မြို့ထဲသို့တစ်ယောက်တည်းထွက်လာခဲ့ရသည်..

ပုံမှန်ဆို သက်တန့်နှင့်အတူ နိုင်းဖြစ်ဖြစ် ဝတ်မှုံဖြစ်ဖြစ် တစ်ယောက်မဟုတ် တစ်ယောက်အမြဲပါတတ်သည်...

အခုတော့နိုင်းကလဲ အလုပ်ကိစ္စနှင့်သွားစရာရှိနေသောကြောင့်မလိုက်ဖြစ် ဒေါ်ဝတ်မှုံလှိုင်ကလည်း စေ့စပ်ပြီးနောက်ပိုင်း ချစ်သူရှိရာအရပ်သို့ ကောက်ကောက်ပါအောင်လိုက်သွားလေသောကြောင့် သက်တန့်တစ်ယောက် တစ်ကိုယ်တော်ခရီးဆင်နွှဲခဲ့ရခြင်းဖြစ်သည်...

ဟင်...

သက်တန့်တစ်ယောက်လိုအပ်သည်များဝယ်ပြီး အထုတ်အပိုးများနှင့် တစ်ယောက်တည်းမနိုင်မနင်းဖြစ်နေသောကြောင့် ဆိုင်တစ်ဆိုင်ရှေ့တွင် ခဏရပ်ပြီး နားနေစဉ် မြင်လိုက်ရသောမြင်ကွင်းကြောင့်
သက်တန့်အသက်ရှုသံတို့ ခေတ္တခဏမျှရပ်သွားလေသည်...

ဘာဖြစ်လို့လဲ ဘာလို့ အဲ့လောက်ထိတောင်လဲ....

ရင်ထဲတဖြည်းဖြည်းမွန်းကြပ်လာတဲ့စကားသံတွေ ....ခွင့်ပြုချက်မရှိပါပဲနဲ့ တလှိမ့်လှိမ့်စီးဆင်းလာတဲ့ မျက်ရည်စတွေကြောင့် ဝေဝါးလာတဲ့ မြင်ကွင်းအစုံ...

လက်တွေကလည်း မရည်ရွယ်ပါပဲ ....အရင်းနှီးဆုံးသော contact name လေးကိုနှိပ်မိသွားသောအခါ ...

"ဟဲလို အချစ်"

အချစ်တဲ့လား....တခြားမိန်းမတစ်ယောက်ရဲ့လက်ကိုကိုင်ပြီး ရယ်ရယ်မောမောစကားပြောနေနိုင်တဲ့ မင်းက ...ငါ့ကိုအပူအပင်မရှိ အချစ်တဲ့လား နိုင်းရယ်...

တုန်ယင်နေသောအသံကို ချောင်းတစ်ချက်ဟန့်ကာ အတတ်နိုင်ဆုံးတည်ငြိမ်အောင်ထားလိုက်လေသည်....

"နိုင်း ဘယ်မှာလဲ??"

မင်းမျက်စိရှေ့တည့်တည့်မှာလေ သက်တန့်ရယ်...

"ငါလား အလုပ်မှာလေ ဘာဖြစ်လို့လဲ အချစ်"

အလုပ်မှာတဲ့လား... အဲ့တာဆို ငါမျက်စိရှေ့တည့်တည့်မှာ တခြားအမျိုးသမီးတစ်ယောက်နဲ့ ပျော်ရွှင်ကြည်နူးနေတဲ့ မင်းက ဘယ်သူများပါလဲ နိုင်း...

 နှလုံးသားရဲ့စည်းချက် (Completed)Where stories live. Discover now