ကိုးးးရဲ႕သဲ Ep - 1

5.5K 112 8
                                    

<<unicode version>>

* မင်းသား lee kwang soo က ဒီ series ကို ဘာလို့လက်ခံခဲ့ပါသလဲ *

* အဓိကဇာတ်ဆောင်နေရာကို အံဝင်အောင် တထပ်တည်းကျအောင် သရုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါသလား *

* စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးတော့မှ ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ series ဆိုတော့ စိုးရိမ်ပူပန်တာမျိုးရှိပါသလား *

* မင်းသားရိုက်ခဲ့တဲ့ အရင် series တွေလိုပဲ ကြည့်ရှုသူနှုန်း ထိပ်ဆုံးရောက်မယ်လို့ ထင်ပါသလား *

* မင်းသမီး so min ကရော series အတွက် ပြင်ဆင်စရာများ ရှိပါသလား*

* မင်းသားနဲ့ မင်းသမီးအတွက် ဒီဇာတ်လမ်းတွဲက ဒုတိယအကြိမ်မြောက်တွဲဖက် သရုပ်ဆောင်မှုလို့ သိရပါတယ်။ အဲ့ဒါနဲ့ ပတ်သတ်ပြီးတော့ ဘာများပြောချင်ပါသလဲ *

* ဒါရိုက်တာကြီးက series မှာပါဝင်မယ့် ဇာတ်ဆောင်တွေကို ဘယ်လိုအကြောင်းပြချက်နဲ့ ရွေးခဲ့တာပါလဲ*

* ခုထိမရွေးရသေးတဲ့ ဇာတ်ပို့မင်းသားနဲ့မင်းသမီးနေရာကို ဘယ်သူတွေရွေးမယ်လို့ စဉ်းစားထားပါသလဲ *

အကြောင်းအရာတူတူတွေပဲ ထပ်တလဲလဲ မေးနေကြသော သတင်းထောက်တွေကို ကြည့်ကာ kwang soo စိတ်ရှုတ်လာသည်။
မျက်နှာပျက်နေသော kwang soo ကြောင့် မန်နေဂျာလဲ သတင်းစာရှင်းလင်းပွဲကို ခနရပ်ရန် ပွဲစီစဉ်သူတာဝန်ခံကို အချက်ပြလိုက်ရသည်။

တာဝန်ခံ - ကဲ ကဲ ခနတော့ နားရအောင်။ အားလုံးလဲ ပင်ပန်းနေကြမှာဆိုတော့ သတင်းစာရှင်းလင်းပွဲကို ခနနားပြီးမှ ပြန်စတာပေါ့။

...

@နားနေခန်း
kwang soo ဆိုဖာတွင်မှီထိုင်ကာ မျက်လုံးတို့ကိုမှိတ်ထားသည်။
မန်နေဂျာက coffee ကို လှမ်းပေးကာ_
* kwang soo မင်း စိတ်ကိုလျှော့စမ်းပါ။ ဘာလို့မျက်နှာကြီးက တည်တင်းနေရတာလဲ။ *

* အကိုလဲ သိသားနဲ့...။ ကျွန်တော် အဲ့မိန်းမနဲ့ အလုပ်တွဲမလုပ်ချင်ပါဘူးဆို။ သူ့မျက်နှာ မြင်ကိုမမြင်ချင်တာ။ *

* မင်းကလဲကွာ သူက ခုချိန်မှာ အရမ်းနာမည်ကြီးနေတာ။ မင်းက ခုမှ စစ်မှုထမ်းပြီးထွက်လာတာဆိုတော့ ပရိသတ်နဲ့ဝေးနေတာကြာပြီလေ။ ဒီလို နာမည်ကြီးတဲ့သူနဲ့တွဲရိုက်မှ ပြန်ပြီးလူသိများလာမှာပေါ့။ *

ကိုးးးရဲ့သဲ &lt; Uni & Zawgyi &gt; ( Running Man - Myanmar Fic )Where stories live. Discover now