Chapter 2:ငါ့လိုမိ​ထွေး...

12.4K 1.2K 46
                                    

<Zawgyi>

"ရှူး.."စပါးအုံးမြွေလည်းချူယွီရဲ့ဒေါသထွက်နေတဲ့မျက်လုံးကြောင့်အံ့သြသင့်သွားတော့သည်။အမြီးကိုအသာအယာပုတ်လိုက်ပြီးထွက်ပြေးကာချူယုရှေ့ကနေပျောက်ကွယ်သွားတော့သည်။

ချူယွီလည်းလန့်သွားပြီးSystemရဲ့တံခါးကိုသွားခေါက်တော့သည်။"ဇာတ်လိုက်သာစောစောရှောသွားရင်ဘာဖြစ်မှာလဲ?"

"007 systemကမင်းကိုဝန်ဆောင်ခွင့်ရလို့ဝမ်းမြောက်ပါတယ်~ဇာတ်လိုက်သာအချိန်မတိုင်ခင်ကောင်းကင်ပေါ်ကပြုတ်ကျခဲ့မယ်ဆို~Hostအပြစ်ပေးခံရပါမယ်~Hostကအပိုအရှုပ်ဇာတ်ကောင်ရဲ့အဆုံးသတ်ကိုချက်ချင်းကြုံတွေ့ခံစားရလိမ့်မယ်"

Fu*k!အဲ့တော့သူသေမယ်လို့ဆိုလိုတာပေါ့!ပိုဆိုးတာကသူပြန်မွေးဖွားခွင့်တောင်မရဘဲသေသွားမှာ!!!အဆုံးသတ်ကသူ့ဝိညာဉ်ကိုချိတ်ပိတ်လိုက်ပြီးဘယ်တော့မှပြန်လည်မွေးဖွားခွင့်ရမှာမဟုတ်တော့ဘူး...။

ချူယွီလည်းတုန်လှုပ်ချောက်ချားမှုကြောင့်ငိုချင်ချင်ဖြစ်လာခဲ့သည်။စပါးအုံးမြွေလည်းသူ့ရှေ့ပြန်ပေါ်လာခဲ့ပြီးသူကလမ်းကိုပိတ်ထားလိုက်သည်။"ဇာတ်လိုက်ကိုပြန်အန်ထုတ်စမ်း!"

စပါးအုံးမြွေလည်းသူ့ကိုမျက်နှာချင်းဆိုင်ဖို့ဖိအားပေးခြင်းခံရသည်။

ချူယွီတွယ်တက်ကာစပါးအုံးမြွေပေါ်ခွထိုင်လိုက်ပြီးခေါင်းကိုထုလိုက်သည်။"အန်ထုတ်ဆို!"

Ah!ah!ဇာတ်လိုက်တော့အစာခြေမခံရလောက်သေးပါဘူးနော်?!မဟုတ်သေးဘူး...Systemကအခုထိအကြောင်းကြားစာမပေးသေးဘူး!ဒါပေမယ့်..သူအစာခြေခံရတော့မှာ!

စပါးအုံးမြွေကလည်းနာကျင်မှုကြောင့်သူ့မြွေခန္ဓာကိုယ်ကတွန့်လိမ်သွားကာအနီးနားကသစ်ပင်နဲ့ပန်းပင်တွေလည်းကြေမွသွားတော့သည်။ချူယွီကတောင်တစ်တောင်လိုဖယ်ရှားလို့မရဘဲဆက်ရိုက်နှက်နေကာသူ့ပါးစပ်ကိုအားသုံးပြီးဖွင့်ဖို့ကြိုးစားနေသည်။

ရုတ်တရက်သူ့မျက်လုံးထောင့်ကနေအဖြူရောင်အရိပ်တစ်ခုကိုတွေ့လိုက်သည်။

ချူယွီလည်းရပ်လိုက်ပြီးသစ်ပင်ကြီးတစ်ပင်ရဲ့ဘေးကိုကြည့်လိုက်သည်။တစ်ယောက်ယောက်ကသူ့ကိုချောင်းကြည့်နေသည်။သူ့ရဲ့တည်ရှိနေမှုကိုချူယွီသိသွားမှန်းတွေ့လိုက်တဲ့အခါထိုလူလည်းလှည့်ပြီးပြေးတော့သည်။

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now