Chapter 20 : ထိပ်​တိုက်​ရန်​​တွေ့ခြင်း

7.8K 1K 40
                                    

<Zawgyi>

သူ့နောက်ကနေမိစ္ဆာကောင်တွေလိုက်ပါလာက်​ပါလာကြသည်​။မိစ္ဆာ​ကောင်​​တေီကသူနဲ့သိပ်​မနီး​ပေမယ့်​​သွေးနံ့​တွေက​တော့​လေထဲမှာပျံနှံ့​နေသည်​။ပစ်​မှတ်​ဖြစ်​​နေတဲ့ချူ ယွီရဲ့မျက်​​မှောင်​ကြုတ်​လိုက်​သည်​။သူတွန့်​ဆုတ်​ခြင်းမရှိပဲမီးအ​ဆောငိတစ်​ခုကိုထုတ်​ယူပြီးသူတို့ဆီပစ်​လွှတ်​လိုက်​သည်​။သား​လောင်းအဆင့်​က​နေအင်းဆက်​အဖြစ်​​ပြောင်းလဲသွားတဲ့မိစ္ဆာ​ကောင်​​တွေကမီးကို​ကြောက်​ရွံတာ​ကြောင့်​သူ့​နောက်​ကိုလိုက်​လာနှုန်းက​နှေး​ကွေးသွားသည်​။

ချူ ယွီစိတ်​သက်​သာရာရသွားပြီးရွှင်​ရှန်းကိုအရှိန်​မြှင့်​လိုက်​သည်​။သူ့​ခေါင်းကိုလှည့ိလိုက်​တဲ့အခါဖြူစင်​ပြီး​ကျောက်​စိမ်းဖြူ နဲ့တူတဲ့မျက်​နှာ​လေးကို​တွေ့လိုက်​သည်​။

WTF!

ချူ ယွီအံ့သြလွန်းလွန့်​ထခုန်​မိမတက်​ပင်​။သူ့အံကြိတ်​ပြီး​ကြောက်​လန့်​မှု​တွေကိုဖိနှိပ်​ကာထိတ်​လန့်​ခြင်း​တွေကို​ဒေါသအဖြစ်​​ပြောင်းလဲလိုက်​သည်​။"မင်းဘာလို့မြို့ကိုပြန်​မသွားတာလဲ?!"

လေထဲမှာလွင့်​​နေတဲ့အဖြူ​ရောင်​ဝတ်​စုံ၊ရှုပ်​ပွ​နေတဲ့ဆံပင်​နဲ့သူ့ဓား​ပေါ်မှာပျံသန်း​နေတဲ့ရှဲ့ရှီနှုတ်​ခမ်းကိုအနည်းငယ်​ကိုက်​လိုက်​သည်​။သူမတရားခံလိုက်​ရတဲ့အသံနဲ့​ပြောလိုက်​သည်​။"တရှီရှုန်းကျွန်​​တော့်​ကိုဘယ်​​တော့မှမထားခဲ့ဘူးလို့​ပြောခဲ့တယ်​​လေ"

ငါဘယ်​တုန်းကအဲ့လို​ပြောခဲ့လို့လဲ?

အရင်​ကသူဇာတ်​လိုက်​ကိုဘယ်​လို​ချော့ခဲ့လဲဆိုတာချူ ယွီပြန်​စဉ်းစားကြည့်​လိုက်​​ပေမယ့်​သူ့အဲ့လို​ပြောခဲ့တာကိုမမှတ်​မိ​ပေ။မိစ္ဆာ​ကောင်​​တွေကနီးကပ်​လာပြန်​တာ​ကြောင့်​ချူ ယွီအ​တွေး​တွေကိုရုပ်​သိမ်းလိုက်​ပြီးမီးအ​ဆောင်​တစ်​ခုကိုထပ်​ပစ်​လွှတ်​လိုက်​သည်​။"ရှဲ့ရှီ!!!မင်းရှီရှုန်းရဲ့စကားကိုနားမ​ထောင်​​တော့ဘူးလား?!မြို့ကိုပြန်​သွားလိုက်​..ငါ​နောက်​ကလိုက်​ခဲ့မယ်​။"

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now