<Zawgyi>
ချူ မိသားစုတွင်တိသားသုံးယောက်ရှိသည်။ချူ ယွီကတတိယမြောက်သားဖြစ်သည်။ဒုတိယသားကအစောကြီိးသေဆုံးသွားခဲ့ပြီးအခုချူ ယွီအရှေ့ကသူကတော့အကြီးဆုံးသားချူ ရှန်းဖြစ်သည်။
မူလချူ ယွီရဲ့မှတ်ဥာဏ်တွေအရချူ ရှန်းကသူ့ညီငယ်လေးအပေါ်နွေးထွေးပြီးအရမ်းချစ်ခင်ကာအလိုလိုက်သည်။ချူ ယွီလည်းသူ့အစ်ကိုကြီးကိုချစ်ခင်တာကြောင့်သူတို့ကအရမ်းရင်းနှီးသည်။
ချူ ယွီရဲ့မေးခွန်းကိုကြားတော့ချူ ရှန်းပြုံးလိုက်သည်။"လွန်ခဲ့တဲ့သုံးလကတည်းကခရီးထွက်နေရင်းကျိုးရှကိုဖြတ်သွားလို့မင်းကိုတွေ့ဖို့ယွင်ချန်တောင်ကိုဝင်လာတာ။အဲ့မှာမိစ္ဆာအချို့သောင်းကြမ်းနေတယ်လို့သတင်းကြားလို့သူတို့ကိုအရင်ရှင်းထုတ်ဖို့ရောက်နေတာ။မင်းကိုဒီနေရာမှာတွေ့ရမယ်လို့မထင်ထားဘူး"
ရှင်းပြပြီးတဲ့နောက်သူမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။"ဒီလတွေအတွင်းညီလေးရောဘယ်လိုနေလဲ?"
သိပ်မကောင်းဘူး..
ချူ ယွီရဲ့စိတ်ထဲမှာတော့သူ့ကံတရားကြောင့်ဝမ်းနည်းနေပေမယ့်အားတင်းပြီးပြုံးလိုက်သည်။"အကုန်အဆင်ပြေပါတယ်"
...မှတ်မိသလောက်တော့မူလခန္ဓာကိုယ်ပိုင်ရှင်ကိုအလိုလိုက်တဲ့အစ်ကိုကြီးရဲ့အဆုံးသတ်ကလည်းမကောင်းလှဘူး။ဇာတ်လိုက်ကဓားနဲ့သူ့ခေါင်းကိုဖြတ်လိုက်ပြီးမေပယ်ချိုင့်ဝှမ်းရှေ့ကချူ အိမ်တော်မှာချိတ်ဆွဲထားလိုက်သည်။
အဆုံးမှာတော့'အားနည်းရာကအားကြီးရာ'ဆိုတဲ့ဇာတ်ကြောင်းကပိုမိုကျယ်ပြန့်လာပြီးအဓိကပစ်မှတ်တော်တော်များများသေးဆုံးမှုတွေပါဝင်လာခဲ့သည်။နောက်ဆုံးမှာဇာတ်လိုက်သာသူ့ကိုမသတ်ဘူးဆိုရင်မေးစရာဖြစ်လာလိမ့်မည်။
ချူ ယွီရဲ့ရိုင်းစိုင်ပြီးတားဆီးမရတဲ့အပြုအမူတွေကသူ့အစ်ကိုအလိုလိုက်ထားလို့ဖြစ်ပြီိးသူ့ရဲ့သေဆုံးမှုကချူ ရှန်းရဲ့အဓိကလက်စားချေမှုအစဖြစ်သည်။ချူ ယွီသေဆုံးသွားကြောင်းကြားတဲ့အခါသူ့အစားလက်စားချေဖို့ချူ ရှန်းအမြန်သွားခဲ့ပေမယ့်ဇာတ်လိုက်ရဲ့အဝတ်စလေးနားပင်ကပ်နိုင်မှာမဟုတ်ဘူးလို့မထင်ခဲ့မိပေ။
YOU ARE READING
ကံကွမ်မာစရော(On Hold Myanmar Translation)
FantasyAuthor(s):青端(Qing Duan) Title:Every Day The Protagonist Wants To Capture Me Original Title:主角每天都想攻略我 Genre:Action,Comedy,Fantasy,Romance,Xianxia,BL Eng Translator:Reika,BC Novels Link:https://www.novelupdates.com/series/every-day-the-protagonist-w...