Chapter 9 : ​ရေမိစ္ဆာ၏ကျိန်​စာ

8.7K 1K 41
                                    

<Zawgyi>

ချူယွီမြန်​မြန်​လက်​ကိုပြန်​ရုတ်​လိုက်​ပြီးတုန့်​ဆိုင်းခြင်းမရှိပဲသူတို့ခန္ဓာကိုယ်​အ​ပေါ်မှာ​ရေအကာအကွယ်​တစ်​ခုကိုလက်​သ​င်္ကေတအချို့ပြုလုပ်​ပြီးဖန်​တီးလိုက်​သည်​။

ထင်​ထားတဲ့အတိုင်းသူအချိန်​မှီသွားပြီခဏ​လေးအတွင်းမှာပဲသူတို့ရဲ့​ရေအကာအကွယ်​နံရံက​နေဘန်းဆိုတဲ့အသံကြီးထွက်​လာခဲ့သည်​။အရင်​ကတည်​ငြိမ်​​နေတဲ့​ရေဟာရုတ်​ချည်းဆိုသလိုလှိုင်းထန်​လာခဲ့သည်​။

ရှဲ့ရှီတုန်​လှုပ်​​နေပြီးချူ ယွီခါးကိုတင်းတင်းကျပ်​ကျပ်​ဖက်​ထားကာလွှတ်​မ​ပေး​ချေ။သူအရမ်း​ကြောက်​လန့်​​နေ​ပေမယ့်​သူ့မျက်​နှာက​တော့တည်​ငြိမ်​​နေကာလက်​သ​င်္ကေတအချို့လုပ်​လိုက်​ပြီးမီး​တောက်​တစ်​ခုကိုဖန်းတီးလိုက်​သည်​။

ရေကြမ်းပြင်​​အောက်​မှာဒီမီး​တောက်​ရဲ့အလင်း​ရောင်​ကသူတို့အကာအကွယ်​ကိုချိုးဖျက်​ဖို့ကြိုးစား​နေတဲ့အရာကိုအလင်းပြ​ပေးနိုင်​သည်​။

အဲ့တာကအစိမ်းရင့်​​ရောင်​ခန္ဓာကိုယ်​ရှိတဲ့မိစ္ဆာသတ္တဝါကြီးတစ်​​ကောင်​ပဲ!သူ့ကိုယ်​​ပေါ်က​ကောင်းမွန်​တဲ့အ​ကြေးခွံ​တွေကမီး​တောက်​ရဲ့အလင်း​ရောင်​ကိုခပ်​မှိန်​မှိန်​​လေးအလင်းပြန်​​နေသည်​။သူမှာတိမ်​ထူ​နေတဲ့မျက်​လုံးတစ်​လုံးပဲရှိပြီးကျယ်​ပြန့်​ကာပြား​နေတဲ့ဦး​ခေါင်းရှိသည်​။သူ့မျက်​လုံး​အောက်​မှာ​တော့သားရဲ​တွေလိုသွားအများကြီးပါတဲ့ကြီးမားပြီးရက်​စက်​ကြမ်းကြုတ်​တဲ့ပါးစပ်​​ပေါက်​တစ်​ခုရှိသည်​။

ရေမိစ္ဆာ!

စောဏကချူ ယွီကသူ့လက်​နဲ့အ​​ကြေးခွံတစ်​ခုကိုထိလိုက်​မိတာ​ကြောင့်​ချက်​ချင်းတုန့်​ပြန်​ခြင်းဖြစ်​သည်​။

ဒါ​ပေမယ့်​​ရေမိစ္ဆာတစ်​​ကောင်​တည်းကအရမ်း​ကြောက်​လန့်​ဖို့မ​ကောင်း​ပေ။

ချူ ယွီရဲ့မျက်​လုံးကသူ့မီး​တောက်​ရဲ့အလင်း​ရောင်​ကျ​ရောက်​​နေတဲ့​ဘေးပတ်​ဝန်းကျင်​ကိုကြည့်​လိုက်​ပြီးစိတ်​ပျက်​စွာရယ်​​မောချင်​စိတ်​​ပေါက်​လာခဲ့သည်​။

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now