Chapter 33: မ​စောင့်​နိုင်​ဘူး

14.4K 1.4K 386
                                    

<ZAWGYI>

ချူ ယွီခဏ​လောက်​တိတ်​ဆိတ်​သွားပြီးနူးနူးညံ့ညံ့​ပြောလိုက်​သည်​။"..ရှိသိ?"

သူ့ကိုကိုင်​ထားတဲ့လူလည်းခဏ​လောက်​တိတ်​ဆိတ်​​နေ​ပြီး​ပြောလိုက်​သည်​။"ဟိုးအရင်​တည်းကအခုထိရှိရှုန်းပထမဆုံး​တွေးမိတဲ့သူကကျွန်​​တော်​မဟုတ်​ခဲ့ဘူး!"

...သူနဲ့အရမ်းနီး​နေတဲ့သူကချူ ရှန်းဖြစ်​​နေလို့ပါ။

ချူ ယွီစိတ်​​လေးလံစွာနဲ့ရှဲ့ရှီ​ခေါင်း​လေးကိုပုတ်​​ပေးလိုက်​သည်​။"ဟုတ်​ပါပြီ..ငါတို့ဘယ်ေ​ရာက်​​နေလဲကြည့်​ရ​အောင်!"

ခေါင်းကိုအပုတ်​ခံလိုက်​ရတဲ့အချိန်​မှာရှဲ့ရှီခံစား​နေရတဲ့​ဒေါသနဲ့ခါးသီးမှု​တွေအကုန်​​ပျောက်​ကွယ်​သွားခဲ့သည်​။ရှဲ့ရှီစိတ်​ပြန်​ကြည်​သွားပြီးသက်​ပြင်းချလိုက်​သည်​။သူချူ ယွီ့လက်​​လေးကိုဆွဲယူပြီးအနမ်း​ခြွေလိုက်​ကာသူ့ခါးက​နေမထူ​ပေးလိုက်​သည်​။ချူ ယွီမကန့်​ကွက်​နိုင်​ခင်​ရှဲ့ရှီလက်ဖျောက်​တီးလိုက်​ကာမီး​တောက်​​လေးတစ်​ခုကသူ့လက်ချောင်းထိပ်​​လေးမှာ​ပေါ်လာခဲ့ပြီးပတ်​ဝန်းကျင်​ကိုလင်းထင်းသွား​စေသည်​။

သူတို့အခန်းလွတ်​တစ်​ခုထဲကို​ရောက်​​နေတာပဲ!

ချူ ယွီလိုက်​ကြည့်​လိုက်​တဲ့အခါသူနဲ့ရှဲ့ရှီပဲဒီ​နေရာကို​နေရာ​ရွှေ့​ပြောင်းခြင်းခံလိုက်​ရခြင်းဖြစ်​သည်​။

ထိုဓားနဲ့ဘယ်​လိုကိစ္စ​တွေရှိပြီးလုချင်းအန်းကလည်းဓားကို​တွေ့​တွေ့ချင်းဘာလို့မျက်​နှာပျက်​ကာစိတ်​ရှုပ်​​ထွေးသွားရလည်းသူမသိ​ပေ။ဒါချူ ရွှမ်းဟဲ့ချထားတဲ့​ထောင်​​ချောက်​ပဲဖြစ်​ရမယ်​..။

ဒီိ​နေရာက​ရောချူ.ရွှမ်းဟဲ့ရဲ့​နေရာလား?

ချူ ယွီခဏ​လောက်​စဉ်းစားလိုက်​သည်​။သူကြိုတင်​ကာကွယ်​မှုအချို့လုပ်​ပြီးဂရုတစိုက်​တံခါးကိုဖွင့်​လိုက်​ပြီး​နောက်​ကိုဆုတ်​လိုက်​​ပေမယ့်​သူမြင်​​တွေ့လိုက်​ရတာက​မျှော်​လင့်​ထားသလိုလက်​နက်​​တွေနဲ့အဆိပ်​​ငွေ့​ထောင်​​ချောက်​​တွေမဟုတ်​​ပေ။

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now