Chapter 11 : လင်းလက်​​သောကြယ်

8.4K 1K 54
                                    

ဟဲလိုအဂျစ်​က​လေးတို့..စပရိုက်​!!!😉
မိမိကိုလွမ်းနေကြတယ်​မလား?😛
အပြင်းတစ်​ပြီးစာလုံး​ပေါင်း​တွေပြန်​မစစ်​က​သေးပါဘူး။အမှားပါရင်​သည်းခံကြပါလို့်​...😚
××××××××××××××

<

Zawgyi>

ခဏကြာတဲ့အခါချူ ယွီပင်​ပန်းတယ်​လို့ထပ်​ခံစားလာရသည်​။

သူ့ချီစွမ်းအင်​​တွေကိုအခြားတစ်​​ယောက်​ဆီသုံးလတာ​ပေးပို့မှုကသူ့အ​ခြေတည်​အဆင့်​ကိုအ​တော်​​လေးထိခိုက်​သွား​စေသည်​။သူပင်​ပန်းလာတဲ့အခါလွယ်​လွယ်​အိပ်​ငိုက်​လာပြီးတစ်​ခါတစ်​​လေသူ့ခန္ဓာကိုယ်​ကလည်းအနားယူဖို့ဖိအား​ပေးတတ်​သည်​။

ချူ ယွီခဏ​လောက်​မျက်​လုံးမှိတ်​ထားလိုက်​ပြီးသူ့လက်​​ကောက်​ဝတ်​ကိုရုတ်​တရက်​ပူ​​​​နွေးနေတဲ့လက်တစ်စုံ​​​ရဲ့ဖမ်းဆုပ်​ခြင်းခံလိုက်​ရသည်​။သူခ်​ကိချင်းနိုးလာပြီးပြန်​တိုက်​ခိုက်​ဖို့လက်​သ​င်္ကေတအချို့ပြုလုပ်​ပြီးကြည့်​လိုက်​တဲ့အခါချူ ရှန်းဖြစ်​​နေသည်​။

"ညီ​လေး..မင်းခန္ဓာကိုယ်​ကဘာလို့အ​ခြေအ​နေဆိုရွား​နေရတာလဲ?"ချူ ရှန်းမျက်​​မှောင်​ကြုတ်​လိုက်​ပြီးသူ့မျက်​နှာကမဲ့​နေကာ​ဒေါသ​ကြောင့်​ရုပ်​ဆိုး​နေသည်​။"မင်းကိုဘယ်​သူအန္တာရယ်​ပြုတာလဲ?"

ကိုယ်​ဘာသာလုပ်​ထားတာ​လေ...

ချူ ယွီတကယ်​ပဲအမှန်​တရားကိုမ​ပြောချင်​​ပေ။သူရှက်​ကိုးရှက်​ကန်းနဲ့ပြ​န်​​ဖြေလိုက်​သည်​။"ကျင့်​ကြံ​နေတုန်းနည်းနည်းစိတ်​မရှည်​ဖြစ်​သွားပြီးမ​တော်​တဆမှု​သေး​သေး​လေးဖြစ်​သွားလို့ပါ"

ထိုသို့​ပြောပြီးချူ ယွီသူ့လက်​ကိုပြန်​ဆွဲယူလိုက်​​ပေးမယ့်​ချူ ရှန်းကတည်​တည်​ငြိမ်​ငြိမ်​နဲ့သူ့လက်​ကိုဆုပ်​ကိုင်​ထား​သေးသည်​။ခဏကြာတဲ့အခါ​နွေး​ထွေးတဲ့ဝိညာဉ်​စွမ်းအင်​အချို့ကချူ ယွီခန္ဓာကိုယ်​ထဲစိမ့်​ဝင်​လာပြီးသူ့ရဲ့ဗလာဖြစ်​​နေတဲ့ဝိညာဉ်​​ကြောပြည့်​သွားသည်​။

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now