Chapter 6 : ဘိုင့်​ဘိုင်

9.3K 1.1K 59
                                    

<Zawgyi>

ချူယွီတပည့်​​တွေအကုန်​လုံးကိုတစ်​ချက်​​ဝေ့ကြည့်​လိုက်​ပြီး'မင်းကအဲ့လိုအစ်​ကိုကြီးမျိုးပဲ'ဆိုတဲ့အချက်​ပြမှုကိုလက်​ခံရရှိလိုက်​သည်​။

ချူယွီမျက်​နှာ​ပေါ်မှာမိုးတိမ်​​တောင်​​တွေပြည့်​နှက်​သွားပြီး'​ဂေး​ကောင်​'ဆိုတဲ့​ခေါင်းစဉ်​ကသူ့ကိုမိုးကြိုးမှန်​သလိုထိမှန်​သွားသည်​။

ဂေး​ကောင်​..ဘယ်​သူက​ဂေး​ကောင်​လဲ!?အဲ့​ဂေး​ကောင်​ကိုအနမ်း​ပေးပြီးဘိုင့်​ဘိုင်​လုပ်​လိုက်​စမ်းပါ!

သူကအိမ်​တွင်း​အောင်းotakuနဲ့'face-con'တစ်​​ယောက်​ဖြစ်​​ပေမယ့်​တစ်​​လျောက်​လုံးကိုယ့်​ကိုယ်​ကိုstraightစစ်​စစ်​တစ်​​ယောက်​လို့သတ်​မှတ်​ထားခဲ့တာ။ကွန်ပျူတာထဲမှာသူကြည့်​ခဲ့​ရောင်​စုံကား​တွေအများကြီးရှိသည်​။

(TN:'face-con'ဆိုတာ'face'နဲ့'complex'ကို​ပေါင်း​ပြီးထွင်​ထားတဲ့တရုတ်​အသုံးအနှုန်းတစ်​ခုပါ။lolicon, shotacon, siscon စတဲ့ဂျပန်​အသုံးအနှုန်းကိုယူသုံးထားခြင်းဖြစ်​ပါတယ်​။)

ဘာလို့နားလည်​မှုလွဲကုန်​ကြတာလဲ?

ခါးသီးစွာနဲ့ဘယ်​အရာကမှားယွင်း​နေလဲဆိုတာချူယွီကြိုးစားပြီးစဉ်းစားကြည့်​လိုက်​သည်​။

နေဦး..ညီ​လေးသုံး​ပြောတာက"အစ်​ကိုနှစ်​ကအစ်​ကိုကြီးကို​ပွေ့ချီပြီး​တောင်​​စောင်းထိပ်​က​နေသယ်​လာတယ်​"လို့..

သွေး..!သူ့ပုခုံးက​သွေး​​တွေစွန်းထင်း​နေခဲ့တာ။

ချူယွီခဏ​လောက်​စဉ်းစားလိုက်​သည်​။ဘာမှား​နေလဲဆိုတာတစ်​ဖြည်းဖြည်းချင်းရိပ်​မိသွားပြီးတစ်​​ယောက်​​ယောက်​ပုခုံး​ပေါ်မှာငိုချင်​စိတ်​ပင်​​ပေါက်​လာ​တော့သည်​။

သူဘာလို့မစဉ်းစားမိခဲ့တာပါလိမ့်​?ညက​မှောင်​မိုက်​​နေခဲ့ပြီးတပည့်​​တွေရဲ့ကျင့်​ကြံဆင့်​ကလည်းညအ​မှောင်​ထဲမှာ​ကောင်း​ကောင်ြး​မင်​ရ​လောက်​တဲ့အထိမမြင့်​​သေး​ပေ။အဲ့​တော့ချူယွီပုခုံး​ပေါ်က​သွေးကိုသူဘယ်​လိုမြင်​မှာလဲ?

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now