Chapter 27 : စတင်​ခြင်း

9K 1.2K 81
                                    

<Zawgyi>

လင်းလန်ရဲ့ရဲ့ဟွားဂိုဏ်းနားကမြို့လေးတလေးတစ်​မြို့ဟာအရင်​ကထက်​ပိုပြီးကြွယ်​ဝချမ်းသာကြသည်​။ထို​နေရာမှာလူထူထပ်​ပြီး​နောက်​ဆုံးရသတင်း​တွေကို​ပြော​လေ့ရှိတာ​ကြောင့်​ပညာနည်းသူ​တွေနဲ့အလုပ်​လက်​မဲ့​​တွေကပညာရ​အောင်​ထို​နေရာကိုလာ​လေ့ရှိကြသည်​။သူတို့ကမိစ္ဆာကျင့်​ကြံသူ​တွေရဲ့အန္တာရာယ်​များပြီးမရိုးသားတဲ့နည်းလမ်း​တွေအ​ပေါ်အပြစ်​တင်​​ပြောဆိုရင်းအချိန်​ကုန်​​လေ့ရှိကြသည်​။

ရှေ့တန်းကယခုမှ​ရောက်​လာတဲ့သတင်း​က​တော့မိစ္ဆာလမ်းစဉ်​ကျင့်​ကြံဂိုဏ်း​မေ့ရင်းကူဟာညစ်​ပတ်​တဲ့လှည့်​စားနည်းအသုံးပြုခဲ့လို့နတ်​ဝိဇ္ဇာကျင့်​ကြံသူ​တွေဘက်​ကဂိုဏ်း​ခေါင်း​ဆောင်​အချို့နဲ့တပည့်​​ဒါဏ်​ရာအပြင်းအထန်​ရသွားသည်​ဟူ၍..

ထောင့်​နားမှာအချိန်​အကြာကြီးတိတ်​တဆိတ်​​နား​ထောင်​​နေတဲ့အမျိုးသား​လေးတစ်​​ယောက်​ကမျက်​ခုံးပင့်​ပြီး​မေးလိုက်​သည်​။"အဲ့တပည့်​ကဘယ်​သူလဲ?"

စကား​ပြော​နေတဲ့ကျင့်​ကြံသူ​တွေလည်းတစ်​​ယောက်​ကိုတစ်​​ယောက်​ကြည့်​လိုက်​ကာသူတို့အ​စောကမမြင်​လိုက်​တဲ့​မေးလိုက်​တဲ့အမျိုးသားကိုကြည့်​လိုက်​ကြသည်​။

ထောင့်​နား​လေးမှာထိုင်​​နေတဲ့အမျိုးသားကတိမ်​သဏ္ဍာန်​ပန်းထိုးထားတဲ့ဝတ်​ရုံဖြူ ကိုဝတ်​ဆင်​ထားသည်​။ထိုအမျိုးသားရဲ့မျက်​နှာပုံသဏ္ဍာန်​ကနူးညံ့ပြီး​ချော​မော​ပေမယ့်​​အေးစက်​ပုံလည်း​ပေါ်သည်​။အထူးသဖြင့်​မည်းနက်​​နေတဲ့​ရေအိုင်​နဲ့တူတဲ့မျက်​ဝန်းနက်​နက်​​လေး​တွေဖြစ်​သည်​။တစ်​ချက်​ကြည့်​လိုက်​ရုံနဲ့တင်​လူတစ်​​ယောက်​လုံးရဲ့ကိုယ်​ကို​အေးစက်​သွား​အောင်​လုပ်​နိုင်​စွမ်းရှိသည်​ဟုပင်​ထင်​ရသည်​။

သူ့ရဲ့ဟန်​အမူအရာကသာမာန်​ထက်​လွန်​ကဲသည်​။တစ်​ချက်​ကြည့်​လိုက်​ရုံနဲ့တင်​သူကသာမာန်​မဟုတ်​ဘူးဆိုတာသိသာသည်​။

ကျင့်​ကြံသူ​တော်​​တော်​များများလည်းချက်​ချင်းပြန်​​ဖြေလိုက်​ကြသည်​။"မင်းမသိ​သေးဘူးလား?အဲ့တာထင်​ယွမ်​ဂိုဏ်း​ခေါင်း​ဆောင်​ရဲ့ဆက်​ခံသူတပည့်​ဖြစ်​တဲ့စုန့်​ကျင်​ယိလို့​ကြားတယ်​။သူရဲ့ရန်​စွမ်းအင်​​တွေက​ခြောက်​​သွေ့သွားတဲ့အထိစုပ်​ယူခံလိုက်​ရတယ်​လို့​တော့​ပြောကြတာပဲ..ကျွတ်​..ကျွတ်​"

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now