Chapter 17 : ငါးစားချင်​တယ်​!

9K 1.1K 153
                                    

<Zawgyi>

ချူ ယွီအသိစိတ်​လွတ်​တဲ့အထိ​ကြောက်​လန့်​သွားခဲ့သည်​။

သူဇာတ်​လိုက်​ကိုဆိုးဆိုးရွားရွားရိုက်​နှက်​ထားတာ​ကြောင့်​သူတို့ရဲ့သုံးနှစ်​တာသံ​ယောဇာဉ်​က​တောင်​မ​လုံ​လောက်​မှာစိုးရသည်​!ဇာတ်​လိုက်​မျက်​လုံးကဝမ်းနည်းမှု​တွေပြည့်​​နေပြီးသူ့ကြည့်​ရတာအနည်းငယ်​​ကြောက်​လန့်​ဖွယ်​​ကောင်းသည်​။

ချူ ယွီရဲ့​သောက​ရောက်​​နေတဲ့မျက်​နှာကို​တွေ့တဲ့အခါရှဲ့ရှီထိတ်​လန့်​စွာ​မေးလိုက်​သည်​။"ရှီရှုန်း..ဘာဖြစ်​လို့လဲ?"

ချူ ယွီအဓိပ္ပါယ်​ကိုမြန်​မြန်​နားလည်​လိုက်​သည်​:မင်းငါ့ကိုရိုက်​ပြီးဟန်​​ဆောင်​​နေရဲ​သေးတယ်​လား!

ချူ ယွီ​ခေါင်းကိုအနည်းငယ်​ငုံ့လိုက်​ကာပြစ်​မှုကျူးလွန်​ခဲ့တဲ့သူ့ရဲ့ဆိုးသွမ်းတဲ့လက်​ကိုစိုက်​ကြည့်​လိုက်​ပြီးအချိန်​အ​တော်​ကြာ​အောင်​အသံတိတ်​​နေခဲ့သည်​။နောက်​ဆုံး​တော့သူဝမ်းနည်းစွာနဲ့​ဖြေး​ဖြေးချင်း​ပြောလိုက်​သည်​။"ရှိသိ..."

ရှဲ့ရှီ:"..တရှီရှုန်း?"

ချူ ယွီမျက်​ရည်​​တွေဝဲပြီး​ခေါ်လိုက်​သည်​။"ရှီ​အော်​..!"

ချူ ယွီသူ့ကိုရှီ​အော်​လို့​ခေါ်တာဒါပထမဆုံးဖြစ်​သည်​။ရှဲ့ရှီမျက်​​မှောင်​အနည်းငယ်​ကြုတ်​လိုက်​သည်​။ချူ ယွီမျက်​နှာအမူအရာက​အေးစက်​ပြီးပျက်​ယွင်း​နေတာ​ကြောင့်​သူမ​နေ​နိုင်​ပဲစိုးရိမ်​လာသည်​။မ​နေ့ညကအဖြစ်​အပျက်​....တရှီရှုန်းမှတ်​မိ​နေတာလား?

ရှဲ့ရှီပိုပိုပြီးစိုးရိမ်​လာကာဒူး​ထောက်​ပြီးအမှားကိုဝန်​ခံ​တော့မယ့်​အချိန်​မှာချူ ယွီဝမ်းနည်းစွာ​ပြောလိုက်​သည်​။"ရှီရှုန်းတမင်​တကာမင်းကိုရိုက်​တာမဟုတ်​ပါဘူး.."

ရှဲ့ရှီရပ်​တန့်​သွားသည်​။"..ရိုက်​တယ်​?"

မ​နေ့ညကကိုယ့်​ကိုယ်​ကိုနှစ်​ခါရိုက်​ခဲ့တာကိုသူမှတ်​မိသွားသည်​။သူ့မျက်​နှာကိုထိကြည့်​လိုက်​ပြီးခဏ​လောက်​​တောင့်​ခဲသွားသည်​။ရှဲ့ရှီ​ခြောက်​ကပ်​ကပ်​​ပြောလိုက်​သည်​။"ဒါရှီရှုန်းလုပ်​တာမဟုတ်​ပါဘူး။မ​နေ့ညက...ရှိသိအိမ်​မက်​ဆိုးမက်​ပြီးမ​တော်​တဆကိုယ့်​ကိုယ်​ကိုရိုက်​မိသွားတာ"

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now