Chapter 26.3 : မင်္ဂလာပွဲ

9K 1.2K 68
                                    

<Zawgyi>

တုန့်ဆိုင်းမှုမရှိပဲရှဲ့ရှီဓားကိုဆွဲထုတုတ်​လိုက်​ကာတိုက်​ခိုက်​မှုကိုဟန့်​တားလိုက်​သည်​။ဓားကိုအားနဲ့ထိုးစိုက်​လိုက်​တာ​ကြောင့်​သူ့​ဗိုက်​ကပိတ်​ကာစဒါဏ်​ရာကပြန်​ပွင့်​သွားသည်​။

ချူ ယွီ့ရဲ့လည်​​ချောင်းထဲတစ်​ခုခုပျို့တက်​လာကာရုတ်​တရက်​​သွေးအန်​လိုက်​သည်​။မျက်​ရည်​​တွေဝိုင်းလျက်​နဲ့ချူ ယွီသူ့ကိတိုက်​ခိုက်​လာတဲ့အရာကိုကြည့်​လိုက်​သည်​။အဲ့တာကရှည်​လျား၊တုတ်​ခိုင်​ပြီးအဆူး​တွေပါတဲ့...နွယ်​ပင်​လား?

ရုတ်​တရက်​သူ့​နောက်​ကဓားတစ်​ချက်​လက်​သွားပြီးနွယ်​ပင်​​တွေကသုံးပိုင်းပြတ်​သွားသည်​။မြေ​ပေါ်ကျသွားတဲ့အစိတ်​အပိုင်း​တွေကအသက်​ရှင်​​နေ​သေးပုံ​ပေါ်ကာတွန့်​လိမ်​ရုန်းကန်​​နေကြသည်​။ချူ ယွီအဲ့တာကို​ပျော်​ရွှင်​စွာကြည့်​​နေတဲ့အချိန်​မှာသူ့​နောက်​က​နေဖက်​တာခံလိုက်​ရသည်​။ရှဲ့ရှီရဲ့အသံကချူ ယွီကို​ဒေါသထွက်​​အောင်​လုပ်​မိသွားမှာ​ကြောက်​​နေပုံ​ပေါ်သည်​။"ရှီရှုန်း...​သွေးထွက်​​နေတယ်​"

သွေး​တွေကစီးကျ​နေနှင့်​ပြီးပြီ..

ချူ ယွီရှူ ရှိုက်​မိတဲ့အနံ့အသက်​​တွေကလည်း​သွေးနံ့​တွေဖြစ်​​နေသည်​။သူထိုနွယ်​ပင်​က​နေအကြည့်​မခွာပဲ​ဆေးအချို့ထုတ်​ယူကာမျိုချလိုက်​သည်​။

ကြည့်​ရတာပုံရိပ်​​ယောင်​​လောကထဲမှာပိတ်​မိ​နေတဲ့သူ​တွေကိုတိတ်​တဆိတ်​သတ်​ပစ်​လိုက်​တာဒီအရာပဲ။နွယ်​ပင်​​တွေဘယ်​​လောက်​များများရှိ​နေ​သေးဦးမလဲဆိုတာမသိတာ​ကြောင့်​သူတို့ဒီ​နေမှာ​ဆက်​​နေ၍လုံးဝမဖြစ်​​ပေ..

သူတိတ်​တဆိတ်​ရှဲ့ရှီရင်​ခွင်​ထဲကရုန်းထွက်​လိုက်​သည်​။ချူ ယွီဓားကိုတရွတ်​တိုက်​ဆွဲပြီးလမ်း​လျောက်​သွားတဲ့အခါအနည်း​ငယ်​​ပျော့​ခွေ​နေသည်​။

ရှဲ့ရှီလက်​ဆန့်​ထုတ်​လိုက်​​ပေမယ့်​ချူ ယွီကိုမထိရဲ​ပေ။သူခဏ​လောက်​ရပ်​လိုက်​ပြီးနှုတ်​ခမ်းသပ်​လိုက်​ကာ​နောက်​ကလိုက်​လာခဲ့သည်​။

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now