Chapter 28 : မင်းမလွတ်​​မြောက်​နိုင်​ပါဘူး!

10.2K 1.3K 215
                                    

<Zawgyi>

ဒါ့​ပေါ့..ချူ ယွီဒီအတိုင်းရပ်​​နေဖို့ကမဖြစ်​​နိုင်​​ပေ။

ဇာတ်​လိုက်​ရဲ့မျက်​နှာအမူအရာကအရမ်း​ကြောက်​ဖို့​ကောင်း​နေပြီးလူတစ်​​ယောက်​လုံးကိုဝါးစားချင်​​နေပုံပဲ။ဘယ်​သူကရပ်​ရဲမှာလဲ?

သူ့​နောက်​ကညီသုံးရဲ့အထိတ်​တလန့်​အော်​သံကိုကြားလိုက်​ရ​ပေမယ့်​ချူ ယွီအံကိုတင်းတင်းကြိတ်​ပြီးစိတ်​ကိုခိုင်​ခိုင်​ထားကာလွတ်​​မြောက်​ဖို့ပဲဆုံးဖြတ်​လိုက်​သည်​။ဒါ​ပေမယ့်​သူ​နောက်​ကိုလှည့်​ကြည့်​လိုက်​တဲ့အခါထိတ်​လန့်​သွားပြီးချက်​ချင်းရွှင်​ရှန်းကိုအရှိန်​ထပ်​မြင့်​လိုက်​သည်​။

အား..!!!ဘာလို့ဇာတ်​လိုက်​က​နောက်​ကလိုက်​လာတာလဲ!?

မြန်​မြန်​ပြန်​ပြီးသာကိုယ့်​ဒါဏ်​ရာကိုယ်​ကုစမ်းပါ..

ရှဲ့ရှီရဲ့မျက်​လုံး​တွေကနီရဲ​နေပြီးချူ ယွီရဲ့​နောက်​​ကျောကိုမမှိတ်​မသုန်​စိုက်​ကြည့်​​နေသည်​။သူ့မျက်​လုံး​တွေက​ဝေဝါး​နေကာရင်​ဘတ်​ကလည်းအ​တော်​နာကျင်​​နေပြီးပါးစပ်​ဟလိုက်​တဲ့အခါ​သွေးရနံ့တို့ကဖုံးလွှမ်းသွားသည်​။"ချူ ယွီ!"

ချူ ယွီနားကိုပိတ်​ထားပြီးနား​ထောင်​ဖို့ငြင်းဆန်​လိုက်​သည်​။

ရှဲ့ရှီလည်​​ချောင်း​ပေါ်တက်​လာတဲ့​သွေး​တွေကိုပြန်​မျိုချလိုက်​ပြီးကြမ်းတမ်းတဲ့အသံနဲ့​ပြောလိုက်​သည်​။"..ငါ့ကိုထပ်​ပြီးစွန့်​ပစ်​​တော့မှာလား?"

သူ့အသံကထိုင်းမှိုင်း​နေပြီးထိန်းချုပ်​လို့မရနိုင်​တဲ့နာကျင်​မှု​တွေနဲ့ပြည့်​​နေသည်​။

ချူ ယွီရပ်​တန့်​လိုက်​သည်​။နောက်​ဆုံး​​တော့သူလုပ်​နိုင်​တာဘာမှမရှိတဲ့အပြင်​​ရှေ့ဆက်​သွားဖို့နှလုံးသားလည်းမရှိ​ပေ။ဘုန်းကြီးကထွက်​​ပြေးနိုင်​​ပေမယ့်​ဘုရား​ကျောင်းက​တော့သူနဲ့အတူ​ပြေးနိုင်​တာမှမဟုတ်​ပဲ။သူ​ကောင်းကင်​ကြီးကို​မော့ကြည့်​လိုက်​ပြီးသက်​ပြင်းချကာဖြည်းဖြည်းချင်းလှည့်​လိုက်​သည်​။သူပြုံးလိုက်​ပြီးတည်​တည်​ငြိမ်​ငြိမ်​​ပြောလိုက်​သည်​။"ရှိသိ...မ​တွေ့တာကြာပြီ!"

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now