Chapter 8 : မ​သေပါနဲ့

10.1K 1.1K 57
                                    

<Zawgyi>

အခုအချိန်မှာချူယွီရဲ့ညနေခင်းတရားထိုင်ချိန်တွေကပိုပြီးတော့ပင်ငြိမ်းချမ်းလာခဲ့သည်။ညလယ်ခေါင်မှာသူ့ရဲ့ချီတွေကိုပေးပို့ပေးဖို့အခြားတစ်ယောက်ရဲ့အဝတ်အစားတွေကိုခွာဖို့မလိုတော့ကတည်းကသူဖြည်းဖြည်းချင်းသက်သာလာပြီးအခုစွမ်းအင်ပြည့်ဝနေသည်။

တစ်စုံတစ်ယောက်ရဲ့ထိပ်တန်းအခြေအနေကိုပြန်လည်ကောင်းမွန်အောင်လုပ်ဖို့အသုံးပြုလို့ရတဲ့ကျင့်ကြံနည်းနှစ်နည်းရှိသည်။

လွန်ခဲ့တဲ့လတွေအတွင်းချူယွီကတရားထိုင်နည်းကိုကျွမ်းကျွမ်းကျင်​ကျင်တတ်မြောက်နေပြီးဖြစ်သည်။သူမျက်လုံးမှိတ်လိုက်ပြီးမျက်စိတစ်မှိတ်အတွင်းသင့်လျော်တဲ့တရားထိုင်နည်းအခြေအနေကိုရောက်ရှိသွားပြီဖြစ်သည်။သူ့ခြံဝန်းလေးထဲကအိမ်လေးထဲမှာနေလေ့ရှိပေမယ့်ကျင့်ကြံဖို့အခွင့်အလမ်းမရှိလဲသူ့ချီတွေကိုမကြာခဏအသုံးပြုလေ့ရှိသည်။

မည်းနက်နေတဲ့ကောင်းကင်ကိုမော့ကြည့်ပြီးချူယွီထလိုက်ကာတောင်ပေါ်ကဆင်းသွားဖို့ပြင်လိုက်သည်။တံခါးက ​ခေါင်းအုံးလေးပိုက်ကာအထဲဝင်လာတဲ့ရှဲ့ရှီရဲ့တွန်းဖွင့်မှုကြောင့်ကျွီခနဲပွင့်သွားသည်။

သူ့မျက်နှာကစိတ်လှုပ်ရှားမှုကြောင့်နီမြန်းနေပြီးကြည့်ရတာအရမ်းချစ်ဖို့ကောင်းနေသည်။အထူးသဖြင့်ရုပ်တည်ကြီးဖြစ်အောင်ကြိုးစားနေချိန်ပေါ့။တစ်စုံတစ်ယောက်ကမနေနိုင်ပဲသူ့ပါးကိုဆွဲညစ်ချင်နေသည်။

ချူယွီခဏလောက်တောင့်သွားပြီးဒီမနက်ကရှဲ့ရှီဆိုးသွမ်းစွာသူနဲ့အတူအိပ်​ဖို့​မေးခဲ့တယ်​ဆိုတာသတိရသွားသည်​။သူရှဲ့ရှီကိုပြုံးပြရင်း​ပြောလိုက်​သည်​။"မင်းအရင်​အိပ်​နှင့်​"

ရှဲ့ရှီ​ခေါင်း​လေး​စောင်းလိုက်​ပြီးချူယွီသူ့ပစ္စည်း​တွေကိုစားပွဲ​ပေါ်မှာစီစဉ်​​နေတာကြည့်​​နေလိုက်​သည်​။"သရှီရှုန်း..ယွင်​ချန်း​တောင်​ထိပ်​က​နေထွက်​သွားဖို့လိုလို့လား?"

"အင်း..​တောင်​​ခြေကရွာမှာလူသား​တွေကိုအန္တရာယ်​ပြု​နေတဲ့​ရေမိစ္ဆာ​တွေ​ရောက်​​နေတယ်​လို့ကြားတယ်​။ငါသွားကြည့်​မလို့"ချူယွီသူ့ပစ္စည်း​တွေကိုစစ်​​ဆေးလို့ပြီးသွားပြီးသူ့ရဲ့ပစ္စည်းသို​လှောင်​တဲ့လက်​စွပ်​​လေးထဲထည့်​လိုက်​သည်​။သူနည်းနည်းစိုးရိမ်​​နေ​ပေမယ့်​သူ့စိတ်​ထဲမှာ​တော့စိတ်​အားထက်​သန်​မှု​တွေဖြစ်​​ပေါ်​နေသည်​။

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now