Chapter 4:​နွေး​ထွေး​သောည

9.3K 1.1K 64
                                    

<Zawgyi>

ရုတ်​တရက်​အမှတ်​​တွေ၆၄အထိထိုးကျသွားတယ်​ဆိုတဲ့Systemရဲ့အသိ​ပေးသံဟာချူယွီရဲ့နားထဲ့ပဲ့တင့်​ထပ်​သွားသည်​။ချူယွီဆက်​ကြည့်​မ​နေနိုင်​​တော့​ပေ..။သူငိုချင်​​ပေမယ့်​မျက်​ရည်​ကထွက်​မလာ..၊အထွန့်​တက်​ချင်​​ပေမယ့်​သူ့ခံစားချက်​​တွေကို​ဖော်​ပြဖို့ရာစကားလုံးရှာမရဖြစ်​​နေပြီးဖိအား​ကြောင့်​သူ့ရင်​ဘတ်​တစ်​ခုလုံးနာကျင်​​နေသည်​။

ဒီသုံးနှစ်​အတွင်းရှဲ့ရှီကအရမ်းအရိုက်​အနှက်​ခံထားရတာ​ကြောင့်​အတွင်းဒါဏ်​ရာရ​နေပြီး​နောက်​ပိုင်းသူကျင့်​ကြံဆင့်​တက်​တဲ့အခါ​နှောင့်​​နှေးမှု​တွေဖြစ်​လာခဲ့သည်​။ဒီဝတ္တုထဲမှာရှဲ့ရှီကသူအတွင်းဒါဏ်​ရာရာထားမှန်းသတိမထားမိ​ပေ..။သူအဆင့်​တက်​ဖို့ကြိုးစား​နေတဲ့အချိန်​မှာချီ​ဖောက်​လွဲ​ဖောက်​ပြန်​ဖြစ်​မှုကိုခံစားလိုက်​ရပြီးအဲ့တာကပဲသူ့ကိုအ​တော်​ကြမ်းကြုတ်​သွား​စေသည်​။သူလူအချို့သတ်​လုနီးပါးဖြစ်​သွားခဲ့ပြီးအမျိုးသမီးတစ်​​ယောက်​နှင့်​လည်းအပြင်းအထန်​ကလူခဲ့သည်​။

ဒီလိုအနာဂတ်​ပြဿ နာရပ်​​တွေကိုကြိုကာကွယ်​နိုင်​ရန်​အလို့ငှါ​နေ့တိုင်းတစ်​​ယောက်​​ယောက်​ကရှဲ့ရှီကိုယ်​ထဲကိုချီစွမ်း​အင်​ထည့်​​ပို့​ပေးကာသူ့ရဲ့ရန်​စွမ်းအင်​မလုံ​လောက်​မှုကိုပြင်​ဆင်​ကုသ​ပေးရမည်​။ယွင်​ချန်​​တောင်​ထိပ်​မှာဆရာလုချင်းအန်းကလွဲပြီးချူယွီတစ်​​ယောက်​သာဒီလိုလုပ်​​ပေးနိုင်​သည်​။

Comment Screenကိုပိတ်​ရင်းသူ့လက်​ဖဝါးက​နေဝိညာဉ်​စွမ်းအင်​​တွေစီးဆင်းသွားလို့ချူယွီဝမ်းပန်းတစ်​နည်းသက်​ပြင်းချလိုက်​သည်​။သူရှဲ့ရှီရဲ့ကိုယ်​​သေး​သေး​လေးထဲကိုချီစွမ်းအင်​​တွေ​ဖြည်းဖြည်းနဲ့သိမ်​သိမ်​​မွေ့​မွေ့ပို့လွှတ်​​နေရင်း​သူ့အတွင်းစွမ်းအင်​ကိုအာဟာရပြု​ပေး​နေချိန်​မှာနူးညံ့တဲ့အပြာ​ရောင်​အလင်း​ပျောက်​​လေး​တွေ​ပေါ်​ပေါက်​လာခဲ့သည်​။

ကြည့်​ရတာအရမ်းသက်​​တောင့်​သက်​သာရှိပုံပဲ..။အိပ်​​နေတဲ့​လူငယ်​​လေးရဲ့မျက်​နှာကတွန့်​ချိုးထားတဲ့မျက်​ခုံးနှစ်​ဖက်​​ပြေ​လျော့သွားပြီးနှစ်​သက်​ဖွယ်​​ကောင်းတဲ့မျက်​နှာ​လေးကိုပိုပြီးဆွဲ​ဆောင်​မှုရှိသွား​စေသည်​။ချူယွီမ​နေနိုင်​ပဲ​ကောင်း​လေးရဲ့မျက်​နှာ​သေး​သေး​လေးကိုလိမ်​ဆွဲလိုက်​သည်​။

ကံကွမ်မာစရော(On Hold Myanmar Translation)Où les histoires vivent. Découvrez maintenant