Chapter 31 : Counterattack Counterattack

9.9K 1.1K 128
                                    

<Zawgyi>

(T/N-Counterattack-*အဟမ်း*uke/shouကtop​ရောက်​​အောင်ကြိုးစားခြင်း။Counterattack Counterattack-Counterattack တာကိုပြန်​ Counterattack ​တာပေါ့..။Really Strong Counterattackလို့​လည်း​ပြောလို့ရပါတယ်​ LoL .)

ချူ ယွီတိတ်​တဆိတ်​အ​နောက်​ကိုဆုတ်​လိုက်​ပြီးစဉ်းစားလိုက်​သည်​။ဇာတ်​လိုက်​ရဲ့ပုံစံအရသူထပ်​ပြီး​ဒေါသထွက်​​နေတာ​သေချာသည်​။အခြားနည်းနဲ့​ပြောရရင်​Broconနဲ့အခြား​ဆွေမျိုး​တွေနဲ့သူ့ရဲ့အငြင်းအခုန်​အ​ကြောင်းကိုအခု​ရှင်းပြ၍ရမည်​မဟုတ်​​ပေ။

ရှဲ့ရှီချူ ယွီ့​နောက်​ကနံရံကိုလက်​​ထောက်​လိုက်​ပြီးသူ့ကိုငုံ့ကြည့်​လိုက်​သည်​။"ရှီရှုန်းကတိဖျက်​တယ်​"

ချူ ယွီစိတ်​ဓာတ်​ကျသွားသည်​။

ရှဲ့ရှီကသူ့ကိုလှည့်​စားမြှူ ဆွယ်​ပြီးထွက်​မသွားပါဘူးလို့မမျှမတကတိ​ပေးခိုင်​ခဲ့တာချူ ယွီသိသည်​။ဒါ​ပေမယ့်​သူသာ​မေးလိုက်​ရင်ရှဲ့ရှီထိန်းချုပ်​လို့ရ​တော့မှာမဟုတ်​ဘူးဆိုတာလည်းချူ ယွီနားလည်​သည်​။

ရှဲ့ရှီက​ခေါင်းမာသည်​။သူချူ ယွီ့​မေး​စေ့​လေးကိုကိုင်​ပြီးမျက်​နှာချင်းဆိုင်​ဖြစ်​​အောင်​ဆွဲ​မော့လိုက်​သည်​။"ရှီရှုန်းကျွန်​​တော့်​မြင်​ကွင်းက​ပျောက်​ကွယ်​သွားဖို့ကိုတားမြစ်​တယ်"

ချူ ယွီ:"....."

ချူ ယွီအခြားသူရဲ့ကြည်​လင်​​နေတဲ့အမူအရာကိုထိုင်းမှိုင်းစွာစိုက်​ကြည့်​​နေပြီးရုတ်​တရက်​ဒီလိုအ​ရေး​ပေါ်အ​ခြေအ​နေမှာသုံးလို့ရမယ့်​အကြံဥာဏ်​တစ်​ခုရလိုက်​သည်​။စိုးရိမ်​စွာနဲ့သူ​ပြောလိုက်​သည်​။"ရှိသိ..ငါမင်းကိုဆယ်​နှစ်​လုံးမ​တွေ့ရ​သေးဘူး။ငါ့တို့​သောက်​ပြီး​အောင်​ပွဲခံကြရင်​ဘယ်​လိုလဲ?"

သောက်​မယ့်​အ​ကြောင်း​ပြောလိုက်​တဲ့အခါရှဲ့ရှီကထမ​တော့​တွေ​ဝေသွား​ပေမယ့်​ဘာကို​တွေးမိမှန်းမသိသူ့မျက်​လုံးအ​ရောင်​​တောက်​လာခဲ့သည်​။သူချူ ယွီကိုပြုံးပြလိုက်​ပြီးငယ်​ရွယ်​တုန်း​ပျော်​ရွှင်​မှုအရိပ်​အ​ယောင်​ကို​တွေ့လိုက်​ရသည်​။

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now