Chapter 16 : အမျိုးသမီးများနှင့်​ဆက်​ဆံ​ရေး

8.7K 1.1K 98
                                    

<Zawgyi>

ချူ ယွီ​ပြောပြီးပြီးချင်းလူ​တွေကသူ့ကိုအံ့သြမှု၊မနှစ်​မြို့မှု၊အပြစ်​တင်​ရှုံချမှု​တွေနဲ့အတူကြည့်​လိုက်​ပြီးတိုးတိုးတိတ်​တိတ်​​ပြော​နေကြသည်​။

"အိုး...စုန့်​ရှီ​ရှောင်းကိုမျက်​နှာသာမ​ပေးရ​အောင်​သူကဘယ်​သူမို့လို့လဲ?"

"ချူ ယွီကအရမ်းမာနကြီးတယ်​လို့ကြားတယ်​။ကျွတ်​..ကျွတ်​...လူတိုင်းရဲ့မျက်​လုံး​တွေက​တပည့်​​ခေါင်း​ဆောင်​​ပေါ်မှာပဲရှိတာ။သူတို့အဆင့်​နိမ့်​မိစ္ဆာသတ္တဝါ​ကောင်​အနည်းငယ်​​လောက်​ပဲရှင်းထုတ်​နိုင်​မယ်​လို့ငါထင်​တယ်​။"

စုန့်​ကျင်​ယိလည်းတစ်​လက်​လက်​​တောက်​ပ​နေတဲ့မျက်​ဝန်းတစ်​စုံနဲ့လှည့်​ကြည့်​လိုက်​သည်​။"ချူ ရှိသိပဲ။ချူ ရှိသာသ​ဘောမတူရင်​​တော့သိပ်​မ​ကောင်းဘူး။မင်း​နောက်​က​ရှဲ့ရှိသိက​ရောသ​ဘောမတူဘူးလား?ဒီခရီးချီကနဦးအဆင့်​​တွေအတွက်​အရမ်းအန္တရာယ်​များလွန်းတယ်​။"

ချူ ယွီသူ့​နောက်​မှာတွယ်​ကပ်​​နေတဲ့ကိုလာ​ကောင်​ကိုကြည့်​လိုက်​ပြီးဒီတစ်​​ယောက်​ကပျံဖို့အရမ်းပျင်း​နေတာလို့ရှင်းပြ​တော့မလို့ပင်​။ရှဲ့ရှီကသူ့ရဲ့တလက်​လက်​​တောက်​ပ​နေတဲ့မျက်​ဝန်းတစ်​စုံနဲ့​မော့ကြည့်​ကာချူ ယွီကိုတင်းတင်းကျပ်​ကျပ်​ဖက်​လိုက်​ပြီးနူးညံ့စွာ​ပြောလိုက်​သည်​။"ကြင်​နာမှုအတွက်​​ကျေးဇူးတင်​ပါတယ်​။ကျွန်​​တော်​က​တော့ကျွန်​​တော့်​ရှီ​ရှုန်း​နောက်​ပဲလိုက်​ချင်​တယ်​။ရှီရှုန်းဘယ်​သွားသွားကျွန်​​တော်​လိုက်​မှာပဲ"

ပြတ်​ပြတ်​သားသားအငြင်းခံလိုက်​ရတာ​ကြောင့်​စုန့်​ကျင်​ယိရဲ့မျက်​နှာအနည်းငယ်​ရုပ်​ဆိုးသွားသည်​။"ဒါဆိုလည်းမင်းတို့်​နှစ်​​ယောက်​ပဲသွား​တော့..ဟုတ်​ပြီလား?"

ချူ ယွီပြုံးလိုက်​ပြီးရှဲ့ရှီရဲ့ဆံပင်​​လေးကိုပွတ်​သပ်​လိုက်​သည်​။သူရွှင်​ရှန်းကိုနိုးထ​စေလိုက်​ပြီးဓားကအပြာ​ရောင်​အလင်းတမ်း​တွေ​တောက်​ပလာကာ​လေတိုးသံနဲ့အတူအခြားဂိုဏ်းကတပည့်​​တွေရဲ့အ​ပေါ်​မြင့်​တက်​သွားသည်​။သူတို့မျက်​စိတစ်​မှိတ်​အတွင်း​ပျောက်​ကွယ်​သွားခဲ့သည်​။

ကံကွမ်မာစရော(On Hold Myanmar Translation)حيث تعيش القصص. اكتشف الآن