Chapter 14 : အရွယ်​​ရောက်​ပြီ

8.4K 1K 33
                                    

<Zawgyi>

ချူ ယွီငိုချင်​သွားသည်​:လိမ္မာတဲ့​ကောင်​​လေး!လိမ္မာတဲ့ဇာတ်​လိုက်​!ငါဖက်​ဖို့​ခြေသလုံးအရှာမမှားခဲ့ဘူးပဲ..။

ရှဲ့ရှီသူတို့ကိုအသံတိုးတိုးနဲ့ဆူပူ​လိုက်​တာ​ကြောင့်​​ကောင်​မ​လေး​တွေ​တောင့်​သွားကြ​ပေမယ့်​သူက​ကျောက်​စိမ်းဖြူလိုချစ်​ဖို့​ကောင်းတာ​ကြောင့်​သူတို့ကိုစိတ်​မ​ကျေမနပ်​နဲ့ဆူ​နေတာ​လေးကဆိုးသွမ်း​နေတဲ့ကြွက်​စုတ်​​လေးလိုချစ်​ဖို့​ကောင်း​နေသည်​။ကောင်​မ​လေးအချို့ကမြန်​မြန်​သတိဝင်​လာပြီး​ဒေါသနည်း​နည်း​တောင်​မထွက်​တဲ့အပြင်​ပြုံးဖြဲဖြဲနဲ့​မေးလိုက်​သည်​။"ရှိသိ​လေး..။မင်းရဲ့တရှီရှုန်းကဘယ်​သူလဲ?သူကသ​ဘော​ကောင်းလား?ခန့်​ညာတဲ့သခင်​​လေးများလား?"

ချူ ယွီသူတို့ထွက်​လာ​တော့မယ့်​အချိန်​မှာရပ်​ပြီးဆက်​ကြည့်​​နေလိုက်​သည်​။သူ့​မေး​စေ့ကိုထိလိုက်​သည်​။ဇာတ်​လိုက်​သူ့ကိုဘယ်​လိုမြင်​လည်းသူတကယ်​သိချင်​​မိသည်​။

ရှဲ့ရှီရဲ့နူးညံ့ပြီးချိုသာတဲ့အသံ​လေးထွက်​လာခဲ့သည်​။"ငါ့တရှီရှုန်းကနူးညံ့ပြီးသ​ဘောထားကြီးတယ်​။သူများ​တွေနဲ့လည်း​ရင်းရင်းနှီးနှီး​နေတတ်​ပြီး​ထောက်​ထားငဲ့ငြာတတ်တယ်​။သူကအ​ကောင်းဆုံးရှီရှုန်းပဲ"

အဲ့တာကိုကြားတဲ့အခါချူ ယွီမျက်​နှာအနီ​ရောက်​​ပြောင်းလဲသွားခဲ့သည်​။

အဟမ်း...နူးညံ့ပြီးသ​ဘောထားကြီးတယ်​။သူများ​တွေနဲ့ရင်းနှီးတယ်​ဆိုတာဘာပါလိမ့်​?​ထောက်​ထားငဲ့ငြာတတ်​တဲ့စိတ်​ဓာတ်​က​ကောဘာလဲ?ဘယ်​လိုလူမျိုးကအမြဲတမ်းကြင်​နာပြီးအများအကျိုးအတွက်​ပဲကြည့်​မှာတဲ့လဲ?

မိန်းက​လေး​တွေ'ဝိုး'ကနဲ့​အော်​လိုက်​ကြပြီးထိုတရှီရှုန်းရဲ့နာမည်​ကိုဝိုင်း​မေးကြ​တော့သည်​။

ရှဲ့ရှီရဲ့မျက်​နှာ​ပေါ်မှာဂုဏ်​ယူတဲ့ပုံ​ပေါ်လာပြီးချူ ယွီရဲ့နာမည်​ကိုကြားတဲ့အခါ​အေးစက်​ပြီးကြည်​လင်​တဲ့အသံတစ်​သံကအ​ရှေ့က​နေထွက်​​ပေါ်လာခဲ့သည်​။"ရှိသိ..ဘယ်​သူ​တွေနဲ့စကား​ပြော​နေတာလဲ?"

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now