Chapter 35 : ထူးခြားသောအပြင်အဆင်

13.5K 1.1K 188
                                    

<Unicode>

ချူရှန်းထန်ချူရှန်းကိုခေါင်းညိတ်ပြလိုက်သည်။အားလုံးထင်မှတ်ထားတာနဲ့မတူတာကသူ့အမူအရာကချူယွီ့ကိုဆက်ဆံတုန်းကလိုကြင်နာမှုမရှိဘဲလေးနက်နေသည်။

ချူရှန်းစိတ်တည်ငြိမ်သွားတဲ့အထိသူ့မျက်နှာကိုစိုက်ကြည့်နေကာပြုံးပြီးပြောလိုက်သည်။"အဖေ.."

သူချူရှန်းထန်နားကပ်သွားလိုက်ပြီးကျန်းမာရေးအခြေအနေကိုမေးမြန်းလိုက်သည်။ခဏကြာတဲ့အခါအနည်းငယ်ဖြူဖြော့နေတဲ့မျက်နှာနဲ့လုချင်းအန်းဘက်လှည့်ကာပြောလိုက်သည်။"အစ်ကိုကြီး...ချူမိသားစုရဲ့သစ္စာဖောက်ကိုကျွန်တော့်အဖေသတ်ပြီးအမေ့အတွက်ဂလဲ့စားချေပြီးသွားပြီ။အခုကျွန်တော်တို့ပြန်ထွက်ဖို့လမ်းရှာသင့်တယ်ထင်တယ်"

လုချင်းအန်းလည်းသူ့ခါးကဓားကိုပုတ်ကာသူ့ရဲ့အေးစက်တဲ့အမူအရာလည်းလျော့ကျသွားပြီးယန်ရွှယ်ကိုဓားအိမ်ထဲပြန်ထည့်လိုက်သည်။

ချူယွီလည်းလုချင်းအန်းရဲ့အမူအရာကိုသတိထားမိသွားပြီးသူ့ကိုကြည့်လိုက်တဲ့အခါလုချင်းအန်းခါးမှာနောက်ဓားတစ်ချောင်းချိတ်ဆွဲထားတာတွေ့လိုက်ရသည်။

သူထင်တာမမှားဘူးဆိုရင်အဲ့ဓားကသူတို့ဒီနေရာကိုရောက်မလာခင်တွေ့လိုက်ရတဲ့ဓားဖြစ်သည်။

လုချင်းအန်းရဲ့အမူအရာကိုကြည့်ပြီးသူနဲ့ထိုဓားပိုင်ရှင်ကြားမှာကိစ္စတစ်ခုခုရှိလိမ့်မယ်ဆိုတာသိနိုင်သည်။

ချူယွီထိုကိစ္စကိုခဏစဥ်စားလိုက်သည်။မူလဝတ္ထုထဲမှာထိုဓားအ​ကြောင်းဖော်ပြထားခြင်းမရှိတာကြောင့်ထိုကိစ္စကိုနောက်ပို့ထားလိုက်သည်။ချူရှန်းကချူရှန်းထန်ကိုလှည့်ကြည့်ရင်းလုချင်းအန်းနဲ့စကားပြောနေတာကိုကြည့်ပြီးချူယွီအနည်းငယ်ပျင်းလာသည်။သူချူရှန်းထန်ကိုလှည့်ကြည့်လိုက်တဲ့အခါသူ့မျက်နှာပေါ်မှာအဆိပ်ပြင်းတဲ့မြွေတစ်ကောင်လိုအေးစက်ပြီးကြောက်မက်ဖွယ်အပြုံးတစ်ခုကိုတွေ့လိုက်ရသည်။ထိုအပြုံးကချူရှန်းထန်ရဲ့မူလကြင်နာပြီးနွေးထွေးတဲ့အမူအရာနဲ့ဆန်ကျင့်ပြီးပိုးချည်မြှင်တွေကြားကအပ်လိုရက်စက်ပြီးကြမ်းကြုတ်ပုံပေါ်သည်။

You've reached the end of published parts.

⏰ Last updated: Nov 15, 2019 ⏰

Add this story to your Library to get notified about new parts!

ကံကြမ္မာစေရာ(On Hold Myanmar Translation)Where stories live. Discover now