Chapter 15 : ​ငွေအတွက်​အ​သေခံခြင်း

8.9K 1K 28
                                    

<Zawgyi>

ရှေးဟောင်သင်္ချိုင်းဂူကရှေးယခင်ကျင့်ကြံသူတွေကြားစစ်ပွဲတွေဖြစ်ပွားခဲ့တုန်းကကျန်ရှိခဲ့တဲ့ပျက်ဆီးနေတဲ့ဒေသတစ်ခုဖြစ်သည်။အပြင်လောကနဲ့ဆက်သွယ်နေတဲ့အခြားဟင်းလင်းပြင်တစ်ခုထဲမှာတည်ရှိနေခြင်းဖြစ်သည်။ထိုနေရာကအရမ်းကိုအန္တာရာယ်များလွန်းသည်။နည်းနည်လောက်သတိလွတ်သွားတာ့အသတ်ခံလိုက်ရနိုင်ပြီးဝိညာဉ်ကလည်းထိုနေရာမှာထာဝရပိတ်မိသွားနိုင်သည်။ဒါပေမယ့်ထိုနေရာမှာမရေမတွက်နိုင်တဲ့ရတနာပစ္စည်းများစွာရှိတာကြောင့်ကျင့်ကြံသူတွေကထိုနေရာကိုတပ်မက်လိုစိတ်ပြင်းစွာနဲ့ချစ်လည်းချစ်သလိုမုန်းလည်းမုန်းတီးကြသည်။

သင်္ချိုင်းဂူအတွင်းမှာချီမတည်မငြိမ်ဖြစ်မှုကြောင့်နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူတွေကထိုထဲဝင်၍မရပေ။ဒကြာင့်ဆယ်သင်္ချိုင်းဂူအတွင်းဝင်ဖို့အရည်အချင်းပြည့်ဝတဲ့တပည့်တွေကိုရွေးချယ်ဖို့ဆယ်နှစ်တစ်ကြိမ်ထာဝရရှင်သန်သောဓားပြိုင်ပွဲကိုကျင်းပလေ့ရှိသည်။

ထိုသင်္ချိုင်းဂူကဇာတ်လိုက်ရဲ့စွမ်းရည်တွေကိုအဆင့်မြှင့်တင်ပေးနိုင်တဲ့အေရးကြီးတဲ့ဇာတ်ကြောင်းတစ်ခုဖြစ်သည်။ထို့ကြောက့်ထိုအခန်းကလုံးဝကျော်သွား၍မဖြစ်ပေ။

မူလဇာတ်ကြောင်းမှာထာဝရရှင်သန်သောဓားပြိုင်ပွဲ၌ဇာတ်လိုက်ကပထမနေရာရခဲ့သည်။ဒါ့ကြောင့်ချူ ယွီကဇာတ်ကိုဒါဏ်ရာနည်းနည်းလေးတောင်ရအောင်မလုပ်ရဲပဲဒုတိယနေရာကသူ့အတွက်မကောင်းတာကြောင့်အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးခဲ့ရသည်။

အခြာတစ်ဖက်မှာတော့ဇာတ်လိုက်ကဝတ္ထုထဲမှာအခြေတည်ပထမအဆင့်သာရှိသေးသည်။သူဘယ်လို'ဝှီး'ကနဲ့အခြေတည်တည်နောက်ဆုံးအဆင့်ရောက်လာရတာလဲ?

ချူ ယွီနက်နက်ရှိုင်းရှိုင်းစိတ်ဓာတ်ကျနေသည်။

သူတို့ရဲ့ခြံဝန်းလေးထဲမှာသူတို့မထိုင်ရသေးခင်စာတစ်စောင်ကပျံသန်းရောက်ရှိလာခဲ့သည်။ရှဲ့ရှီအင်္ကျီစကိုယမ်းလိုက်ပြီးလက်တစ်ဖက်တည်းနဲ့ပျင်းရိစွာစာကိုဖမ်းယူလိုက်သည်။စာကအလိုလျောက်လောင်ကျွမ်းသွားပြီးလုချင်းအန်းရဲ့အသံကကြည်လင်စွာပေါ်ထွက်လာခဲ့သည်။"သုံးနှစ်တာကာလကုန်ဆုံးသွားပြီ။ယွီအော်တောင်အောက်ကိုဆင်းဖို့စွမ်းရည်လည်းပြည့်ဝနေပြီ။သတိထားပါ။အကျိုးအကြောင်းမစဉ်းစားပဲမလုပ်မိနေနဲ့.."

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now