Chapter 21 : တိုးညှင်း​သောချစ်​ခြင်း

8.5K 1.2K 124
                                    

<Zawgyi>

စုန့်ကျင်ယိခေါင်းလှည့်လိုက်ပြီးသူ့ပီးသူ့​နောက်​ကမိစ္ဆာကျင့်​ကြံသူ​တွေကိုကြည့်​လိုက်​သည်​။သူအံကြိတ်​လိုက်​ပြီးသူ့လပ်​စွပ်​ထဲက​ပေါက်​ကွဲနိုင်​တဲ့​ဆေးလုံးအချို့ကိုထုတ်​ယူလိုက်​ပြီးသူတို့​နောက်​ကလူ​တွေဆီညှာတာမှုကင်းမဲ့စွာပစ်​လွှတ်​လိုက်​သည်​။

သူတို့​နောက်​ကလိုက်​​နေတဲ့သူ​တွေကိုထိမှန်းပြီးေ​ပါက်​ကွဲသံ​တွေဆက်​တိုက်​ထွက်​​ပေါ်လာခဲ့သည်​။ထင်​ယွမ်​​တောင်​တပည့်​​တွေလည်​ဒီအ​ခြေအ​နေကိုအခွင့်​​ကောင်းယူပြီးဖန်​ယဲ့မြို့​တော်​ဆီအရှိန်​တင်​ကာပျံသန်းသွားကြသည်​။မြို့ကိုအကာအကွာ်​စည်းချထားတာဖြစ်​လို့အပြာ​ရောင်​စွမ်းအက်​အလွှာ​လေးတစ်​ခုကမြို့ကိုလွမ်းခြုံထားသည်​။အကာအကွယ်စည်းကို​စောင့်​ကျပ်​​နေတဲ့​​ထင်​ယွမ်​ဂိုဏ်းတပည့်​​တွေလည်းစုန့်​ကျင်​ယိနဲ့အခြားသူ​တွေကို​တွေ့တဲ့အခါအကာအကွာ်​စည်းကိုဟ​ပေးလိုက်​သည်​။

အမျိုးသမီးကျင့်​ကြံသူတစ်​​ယောက်​က​ဘေးပတ်​ဝန်းကျင်​ကိုကြည့်​လိုက်​ပြီး​မေးလိုက်​သည်​။"ချူ ရှီ​ရှောင်း​ရော?"

အခုသူလုံခြုံသွားပြီဖြစ်​လို့စုန့်​ကျင်​ယိတည်​ငြိမ်​သွားသည်​။စောနကအဖြစ်​အပျက်​​တွေကိုပြန်​စဉ်းစားကြည့်​တဲ့အခါသူစိတ်​ထဲကချူ ယွီကိုမုန်းတီး​နေ​ပေမယ့်​ကိုယ့်​ကိုယ်​ကိုထိန်းချုပ်​လိုက်​ပြီးဝမ်းနည်းတဲ့အမူအရာပြလိုက်​သည်​။"ရှိ​မေ့..ချူ ရှိသိနဲ့​ရှောင်​ရှိသိ...ငါတို့ကိုကယ်​ဖို့အတွက်​မိစ္ဆာကျင့်​ကြံသူ​တွေရဲ့​ချောင်း​မြောင်းတိုက်​ခိုက်​ခြင်းခံလိုက်​ရတယ်​"

သူ့စကား​တောင်​ပြီး​အောင်​မ​ပြောရ​သေးခင်​ထိုအမျိုးသမီးရဲ့မျက်​နှာဖြူ ​ဖျော့သွားသည်​။

အတွင့်​စည်းတပည့်​​တွေရဲ့မျက်​နှာအမူအရာကခဏ​လောက်​အံသြသင့်​သွားပုံရ​​ပေမယ့်​သူတို့တိတ်​တဆိတ်​​နေဖို့​သာ​ရွေးချယ်​လိုက်​သည်​။

သူတို့သာထို​နေရာမှာဆက်​​နေရင်​မိစ္ဆာ​ကောင်​​တွေကိုရှင်းထုတိနိုင်​​ပေမာ့်​အ​ခြေတည်​​နောက်​ဆုံးအဆင့်​နဲ့ချီကနဦးအဆင့်​​ခြောက်​​ယောက်​ကိုတိုက်​ခိုက်​ရတဲ့အခါသူတို့​သေချာ​ပေါက်​​သေမည်​ဖြစ်​သည်​။ဒါ့အပြင်​စုန့်​ကျင်​ယိကဂိုဏ်း​ခေါင်း​ဆောင်​ရဲ့ဆက်​ခံသူတပည့်​ဖြစ်​သည်​။ဒါ့​ကြောင့်​စုန့်​ကျင်​ယိကအနာဂတ်​မှာထင်​ယွမ်​ဂိုဏ်း​ခေါင်း​ဆောင်​ဖြစ်​လာမယ့်​သူဖြစ်​ပြီးအခုအချိန်​သူတို့သူ့ကိုအပြစ်​ပြုမိရင်​​နောင်​အချိန်​ပြန်​ခံရမှာသူတို့သာဖြစ်​သည်​။

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now