Chapter 5 :ဟဲလို..Homo!

9K 1.1K 41
                                    

<Zawgyi>

ယွင်ချန်းတောင်ထိပ်ကရေတွေနဲ့ဝန်းရံနေတဲ့တောင်တွေထဲကတစ်လုံးဖြစ်သည်။တောင်ပေါ်ကတပည့်တွေနဲ့တဲအိမ်သေးသေးလေးတွေကချူယွီမျက်လုံးဖွင့်ဖွင့်ချင်းဒီကမ္ဘာပေါ်ကသူပထမဆုံးတွေ့ခဲ့တဲ့အရာတွေဖြစ်သည်။

ဒီနေရာကကျယ်ပြောပြီးမြေအနေအထားကလည်းချောမွေ့ကာသူ့အိမ်တော်နဲ့ဝေးလံလှသည်။

ဒီနေရာကမြေပြင်ဟာစွမ်းအင်စီးဆင်းမှုကောင်းမွန်သည်။မှောင်မိုက်တဲ့ညလယ်ခေါင်မှာဒီနေရာကလူသတ်၊ရတနာပစ္စည်းတွေလုယူပြီးလက်စလက်နဖျောက်ဖျက်ဖို့အကောင်းဆုံးနေရာဖြစ်သည်။

ချူယွီကသူ့ဓားကိုကိုင်ထားပြီးမျက်နှာချင်းဆိုင်ကဒေါသကြောင့်တွန့်ရှုပ်နေတဲ့ရှဲ့ရှီရဲ့မျက်နှာကိုကြည့်နေလိုက်သည်။ချူယွီသက်ပြင်းချလိုက်သည်။"ညီလေး..ဘာလို့အရမ်း....."

ဇာတ်လိုက်ကအမှိုက်ကောင်ကနေကျွမ်းကျင်တဲ့ကျင့်ကြံသူတစ်ယောက်အဖြစ်ပြောင်းလဲသွားပေမယ့်သူကချီကနဦးအဆင့်မှာပဲရှိနေသေးပြီးချူယွီကတော့အခြေတည်ပြီးပြီပဲလေ!

သူသာနိုင်သွားရင်ဇာတ်လိုက်ကသူ့ကိုပိုမုန်းလာနိုင်ရုံတင်မကဘူးသူကလည်းအပိုအရှုပ်ဇာတ်ကောင်အဆင့်ကနေဗီလိန်mini BOSSအဖြစ်အဆင့်မြင့်သွားလောက်သည်။

အား..သူစောစောသေလိမ့်မယ်!

သူရှုံးပဲရှုံးနိုင်သည်။

"ဒီနေ့ငါတို့တိုက်ခိုက်ပြီးသေခြင်းရှင်ခြင်းကကောင်းကင်ရဲ့အလိုဆန္ဒပဲ.."ရှဲ့ရှီ ချူယွီကိုအေးစက်စက်စိုက်ကြည့်ပြီးပြောလိုက်သည်။သူအံကြိတ်လိုက်သည်။အစကတော့ချူယွီသူ့ ကိုမစော်ကားတော့တဲ့အပြင်ကောင်းကောင်းဆက်ဆံကာလေ့ကျင့်မှုတွေလည်းညွှန်ပြပေးခဲ့တာကြောင့်အစ်ကိုကြီးပြောင်းလဲသွားပြီလို့ထင်ခဲ့သည်။

ဒါပေမယ့်သူက.....

လူကြီးလူကောင်းတစ်ယောက်ကသိက္ခာကျပြီးအရှက်ခွဲခံရမှာထက်စာရင်သေဖို့သာရွေးချယ်သည်။

ရှဲ့ရှီအသက်ပြင်းပြင်ရှူလိုက်ကာတိုက်ပွဲအတွက်ပြင်ဆင်လိုက်သည်။သူ့ ရင်ထဲကဒေါသမီးလျှံတွေကိုဖိနှိပ်ကာဓားကိုမြှောက်လိုက်ပြီးကိုယ်ဖော့ပညာသုံးကာချူယွီထံကျားသစ်တစ်ကောင်လိုခုန်ဝင်လိုက်သည်။

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now