Chapter 26.2 : မင်္ဂလာပွဲ

8.6K 1.1K 128
                                    

<Zawgyi>

ပုံရိပ်ယောင်လောကထဲကအရာအားလုံးကအစစ်နစစ်​နီးပါးထင်​ရ သည်​။ချူ ယွီသာသူပုံရိပ်​​ယောင်​ထဲ​ရောက်​​နေတယ်​ဆိုတာမသိခဲ့ရင်​သူတကယ်​ပဲရှဲ့ရှီကိုလက်​ထပ်​လိုက်​ပြီးဘာမှဂရုစိုက်​စရာမလိုတဲ့နတ်​ပြည်​​ရောက်​​နေတယ်​လို့ထင်​မိ​လောက်​သည်​။

ရှဲ့ရှီစိတ်​ထဲမှာဘာ​တွေရှိ​နေလဲဆိုတာငိ​ပေမယ့်​ကံ​ကောင်းစွာနဲ့ရှဲ့ရှီကသိပ်​မြန်​မြန်​မသွား​ပေ။ချူ ယွီသူ့ရဲ့အ​ဖြောင့်​ဆိုတဲ့အ​ခြေအ​နေကိုရှည်​ကြာ​အောင်​ထိန်းသိမ်းပြီးရှဲ့ရှီကိုထူးထူးဆန်းဆန်းဆက်​ဆံ​နေရသည်​။

ကံ​ကောင်းစွာနဲ့ည​နေခင်းမှာOKသည်​။ချူ ယွီပုံရိပ်​​ယောင်​လောကထဲကထွက်​ဖို့ကြိုးကြိုးစားစားစဉ်းစားကြည့်​​ပေမယ့်​သူရှဲ့ရှီကိုလည်းထိခိုက်​ဒါဏ်​ရာရ​အောင်​လုပ်​၍မဖြစ်​​ပေ။ဒါ့​ကြောင့်​သူရှဲ့ရှီရဲ့တွန်းလှဲခြင်းကိုသာခံ​နေရသည်​။ဒါ​ပေမယ့်​သူ့ဖြူ စင်​မှုကိုမထိခိုက်​​သေးသ၍သူ့ဂုဏ်​သိက္ခာအရ​ယောင်္ကျား​တွေကြားက​ယောင်္ကျားတစ်​​ယောက်​အဖြစ်​ရပ်​တည်​​နေနိုင်​ဦးမည်​ဖြစ်​သည်​။

နေ့​တွေကုန်​ဆုံးလာတာနဲ့အမျှအမျိုးသားတစ်​​ယောက်​ကသူ့တတိယ​ခြေ​ထောက်​နဲ့ပါတ်​သတ်​ပြီးပိုပိုစိတ်​အားထက်​သန်​လာခဲ့သည်​။ချူ ယွီလည်းသူ့ရဲ့ဖြူ စင်​မှုအာမခံချက်​​လေး​ပျောက်​ဆုံးသွားမှာပိုပိုပြီးစိုးရိမ်​လာခဲ့သည်​။

သူလုပ်​ရမယ့်​အရာနှစ်​ခုပဲရှိသည်​။ပထမကကိုယ့်​အသက်​ကိုကာကွယ်​ဖို့ပုံရိပ်​​​ယောင်​​လောကထဲကထွက်​ဖို့နဲ့​နောက်​တစ်​ခုက​တော့သူ့ရဲ့ဖြူ စင်​မှုကိုထိန်းသိမ်းရန်​ဖြစ်​သည်​။ထိုနှစ်​ခုလုံးကိုထိန်းသိမ်းနိုင်​စွမ်းမရှိဘူးဆိုရင်​​တောင်​ချူ ယွီသူ့ရဲ့ဖြူ စင်​မှုကို​တော့ရ​အောင်​ကာကွယ်​ရမည်​။

ချူ ယွီရဲ့မျက်​နှာအမူအရာကသိသိသာသာသုန်​မှုန်​လာသည်​။ရှဲ့ရှီသူ့ကိုငုံ့ကြည့်​ပြီးနှဖူး​လေးကိုနမ်းလိုက်​သည်​။

"ဘာဖြစ်​လို့လဲ?"

အရင်​​နေ့​တွေကတည်းကချူ ယွီထုံကျင်​လာတယ်​လို့ခံစားလာရသည်​။သူသာဒီပြဿနာကိုမြန်​မြန်​မ​ဖြေရှင်းနိုင်​ရင်မကြာခင်​သူပါ​ကောက်​သွားမှာစိုးရိမ်​ရသည်​။သူနှုတ်​ခမ်းမဲ့လိုက်​ပြီး​ခေါင်းခါလိုက်​ကာလှည့်​ကြည့်​လိုက်​သည်​။

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now