Chapter 29 : ပိုင်​ဆိုင်​ခြင်း

10.8K 1.2K 215
                                    

<Zawgyi>

အဟမ်း..WARNINGပါ။16+😆
_______________________
ချူ ယွီရဲ့ခန္ဓာကိုယ်​က​ခေါင်းက​နေ​ခြေ​ထောက်​အထိ​​တောင့်​ခဲ​နေပြီလှုပ်​ရှား၍မရ​ပေ။ထိုအ​ခြေမှာချူ ယွီစိတ်​ထဲက​နေရှိသမျှနတ်​ဘုရား​တွေအကုန်​ကျိန်​ဆဲလိုက်​သည်​။

သူသတိမထားမိတုန်းရှဲ့ရှီအခွင့်​​ကောင်းယူပြီးတိုက်​ခိုက်​လိမ့်​မယ်​လို့မထင်​ထား​ပေ။အခု​တော့အဟန့်​အတားဖြစ်​တဲ့​မြေချီ​တွေကသူ့ဝိညာဉ်​စွမ်းအင်​ကိုချိတ်​ပိ​တ်​ထားတာ​ကြောင့်​လက်​သ​င်္ကေတမ​ပြောနဲ့နည်းနည်း​တောင်​လှုပ်​၍မရ​ပေ။

ပြုံး​နေ​ပေမယ့်​ပြုံမ​နေဘူးလို့လည်းထင်​ရတဲ့ရှဲ့ရှီကသူ့ရဲ့​သွေးလွှမ်း​နေတဲ့အ​ပေါ်ဝတ်​ရုံကိုချွတ်​ပြီးကုတင်​​ပေါ်ပစ်​တင်​လိုက်​ကာ​ပြောလိုက်​သည်​။"ကျွန်​​တော်​တစ်​ထပ်​ချွတ်​ပြီးပြီ..ရှီရှုန်းလည်းတစ်​ထပ်​မချွတ်​သင့်​ဘူးလား?"

ချမ်းသာခွင့်​​ပေးပါ...

ချူ ယွီနှုတ်​ခမ်းမဲ့လိုက်​သည်​။"ရှဲ့ရှီ..စိတ်​ထိန်းပါ"

ရှဲရှီရပ်​ပြီး​ပြောလိုက်​သည်​။"ရှီရှုန်းကို​ပြောမယ်​..ကျွန်​​တော်​အ​တော်​တည်​ငြိမ်​​နေတာ"

တစ်​ခုခုလွဲ​နေတယ်​လိုချူ ယွီထူးထူးဆန်းဆန်းခံစားလိုက်​ရပြီး​ပြောလိုက်​သည်​။"...မင်းစောနကငါ့နာမည်​ကို​ခေါ်တာမဟုတ်​ဘူးလား?ဘာလို့ရုတ်​တရက်​ကြီးရှီရှုန်းလို့ပြန်​​ခေါ်​နေတာလဲ?"

ရှဲ့ရှီသာသာယာယာနဲ့ချူ ယွီရဲ့အဝတ်​​တွေကိုဆွဲခွာပြီး​ပေါ့​​ပေါ့​လေး​ပြောလိုက်​သည်​။"ရှီရှုန်းကျွန်​​တော့်​ကို​ဒေါသထွက်​​နေ​သေးမှာစိုးရိမ်​လို့..ပြီး​တော့ကျွန်​​တော်​လည်းအပြစ်​မပြုချင်​ဘူး​လေ။ကျွန်​​တော်​လည်းနည်းနည်း​ဒေါသထွက်​​နေ​သေးလို့ရှိရှုန်းလို့မ​ခေါ်ချင်​တာ။ဒါ​ပေမယ့်​ရှီရှုန်းကျွန်​​​တော့်​ကိုအပြစ်​မတင်​မှ​တော့ကျွန်​​တော်​လည်း​ဒေါသမထွက်​​တော့ဘူး။ကျွန်​​တော်​ရှီရှုန်းကို​လေးစားပြီးယဉ်​ယဉ်​​ကျေး​ကျေး​ခေါ်သင့်​တာသဘာဝပဲ"

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now