Chapter 26.1 : မင်္ဂလာပွဲ

9.8K 1.1K 152
                                    

<Zawgyi>

WARNING​ပေးသင့်​လား???16+​လောက်​​လေးပဲဆို​တော့မ​ပေး​တော့ပါဘူး😌​ပေးလည်းဖတ်​ကြမှာသိ​နေတယ်​..😛
_________

ချူ ယွီသူနားကြားမှားတာပါလို့​တွေးလိုက်​သည်​။"ဘာ?မင်္ဂလာခန်းမထဲဝင်​မယ်​ဆိုတာဘာကိုဆိုလိုတာလဲ?"

...ဒီပုဝါနီကိုကြည့်​ရင်​သတို့သားကသူ့​ရှေ့ကအသက်​ပိုကြီးတဲ့ရှဲ့ရှီဆိုတာ​သေချာသည်​။သတို့သမီးက....ဒီလက်​ခံလို့မရတဲ့ချူ ယွီလား?

WTF!!!

ချူ ယွီအံ့သြသင့်​စွာရှဲ့ရှီကိုစိုက်​ကြည့်​နေ​သေးတဲ့အချိန်​မှာရုတ်​တရက်​ရှဲ့ရှီ​ပြုံးလိုက်​သည်​။သူချူ ယွီနားတိုးလာပြီး​နွေး​ထွေးကာဆွဲငင်​နိုင်​စွမ်းရှိတဲ့အသံနဲ့​ပြောလိုက်​သည်​။"ရှက်​​နေတာလားယွီ​အော်​...?"

'ယွီ​အော်​'လို့​ပြောပြီးတဲ့အချိန်​မှာသူရုတ်​တရက်​ငုံ့လိုက်​ပြီးချူ ယွီကို​ပွေ့ချီလိုက်​သည်​။အခုလိုအချီခံရတာကိုချူ ယွီအရင်​ကထိတ်​လန့်​ဖူးတာ​ကြောင့်​အခုအချိန်​မှာရှဲ့ရှီသူ့ကိုချီပြီးအနီ​ရောင်​ပိုးသား​တွေပြည့်​​နေတဲ့မင်္ဂလာခန်းမထဲဝင်​သွားတာကိုတည်​တည်​ငြိမ်​ငြိမ်​လိုက်​ပါလာနိုင်​ခဲ့သည်​။

ချူ ယွီ​ခေါင်း​မော့လိုက်​ပြီးသူ့ကိုချီထားတဲ့လူရဲ့​မေးရိုးကိုကြည့်​လိုက်​သည်​။နောက်​သူ​ခေါင်းငုံ့လိုက်​ပြီးလက်​ရှိ​အ​ခြေအ​နေကိုတည်​တည်​ငြိမ်​ငြိမ်​နဲ့​တွေး​တော​နေလိုက်​သည်​။

ပထမဆုံးသူနဲ့ရှဲ့ရှီသင်္ချိုင်းဂူထဲဝင်​ခဲ့ပြီးစုန်​ကျင်​ယိက'မ​တော်​တဆ'​ခြေလှမ်းမှားမလိုဖြစ်​သွားသည်​။

ဒုတိယအချက်​ကသူကိုယ်​တိုင်​ပြုစုပျိုး​ထောင်​လာတဲ့​ကောင်​​လေးကဒီနှစ်​မှ၁၆နှစ်​သာရှိ​သေးမှန်းသိသည်​။သူ့ထက်​ပိုအရပ်​မြင့်​တဲ့ဒီလူမဟုတ်​​ပေ..။

ဒါဆို..သူ့​ရှေ့ကရှဲ့ရှီကအတုလား?

သူတိတ်​တဆိတ်ရွှင်​ရှန်းကိုဆင့်​​ခေါ်လိုက်​ပြီးထိုသူကိုအ​သေထိုးသတ်​ဖို့အဆင်​သင့်​ဖြစ်​​နေသည်​။ဒါ​ပေမယ့်​သူပိုစဉ်းစားကြည့်​လိုက်​ပြီးSystemကို​မေးလိုက်​သည်​။"ဒီအရပ်​ပိုရှည်​​နေတဲ့သူကဇာတ်​လိုက်​လား?သူ့ကိုသတ်​လိုက်​ရင်​ဘာဖြစ်​မှာလဲ?"

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now