Chapter 30 : ငါမင်းကို​တွေ့ချင်​တယ်​!

9.7K 1.2K 118
                                    

<Zawgyi>

ချူ ယွီမျက်​နှာ​မှောင်​မည်း​နေပြီးတည်​ကြည်​တဲ့​လေသံနဲ့​ပြောလိုက်​သည်​။"...တကယ်​​တော့..ကျွန်​​တော်​ကရှိသိကို​ဆေးကု​ပေး​နေတာပါ"

လူသုံး​ယောက်​ကချူ ယွီကိုဘာမှမ​ပြောပဲစိုက်​ကြည့်​​နေကြသည်​။

ချူ ယွီလုံးဝတည်​ငြိမ်​​နေပြီးသူ့မျက်​နှာအမူအရာလည်းမ​ပြောင်းလဲ​ပေ။"နည်းနည်းပူလာလို့အဝတ်​​တွေချွတ်​လိုက်​တာ။နှုတ်​ခမ်းနဲ့လည်​ပင်းက​တော့အင်းဆက်​​တွေကိုက်​လို့..."

....​တော်​​တော်​ကြီးတဲ့အင်းဆက်​ပဲဖြစ်​ရမယ်​!

ချူ ယွီရဲ့ဟာသ​တွေ​အောက်​မှာစီး​မြော​ချင်​ပုံနဲ့လုချင်းအန်းအကြည့်​လွှဲလိုက်​သည်​။ညီသုံးလည်းသူ့ရှိကျွင်းအကြည့်​​နောက်​လိုက်​ပြီး​ခေါင်း​ကိုအနည်းငယ်​လှည့်​လိုက်​သည်​။

နှာ​ခေါင်းရှုံ့ ပြီးမျက်​လုံး​တွေနီရဲ​နေတဲ့ချူ ရှန်းတစ်​​ယောက်​တည်းသာချူ ယွီကိုစိုက်​ကြည့်​​နေသည်​။သူ​ရှေ့ကိုတိုးလိုက်​ပြီး​မျှော်​လင့်​ချက်​အပြည့်​နဲ့​မေးလိုက်​သည်​။"တကယ်​လား?"

ပထမဆုံးအကြိမ်​သူ့အစ်​ကိုကြီးကအရမ်းချစ်​ဖို့​ကောင်းတယ်​လို့ချူ ယွီခံစားလိုက်​ရသည်​။သူမြန်​မြန်​​ခေါင်းညိတ်​ပြီး​ပြောလိုက်​သည်​။"တကယ်​..!"

ချူ ရှန်းရက်​စက်​စွာ​ရယ်​​မောလိုက်​သည်​။"ဒါဆိုငါသူ့မိသားစုရဲ့ရတနာပစ္စည်းကိုဖြတ်​ထုတ်​လိုက်​ရင်​ညီ​လေးကန့်​​ကွက်​​လောက်​မှာမဟုတ်​ဘူးမလား?"

What the ****!ဘာလို့အဲ့ကိစ္စကိုကျွန်​​တော့်​ဆီကခွင့်​ပြုချက်​လာ​တောင်း​နေတာလဲ?

ချူ ယွီခဏ​လောက်​​တောင့်​သွားသည်​။ချူ ရှန်းအခန်းထဲဝင်​​တော့မှာကို​တွေ့တဲ့အခါသူ့မျက်​နှာအမူအရာမည်း​မှောင်​သွားသည်​။ချူ ယွီ ချူ ရှန်းကိုမြန်​မြန်​လှမ်းဖမ်းလိုက်​ပြီးသူ့နှဖူးကမရှိတဲ့​ချွေး​တွေကိုသုတ်​လိုက်​သည်​။"အစ်​ကိုကြီး..."

အလံတိုင်​​တွေ​လျှောက်​ထူမ​နေနဲ့!ဇာတ်​လိုက်​ရဲ့"ညီ​လေး"ကကျွန်​​တော်​တို့လိုအပိုအရှုပ်​​ဇာတ်​​ကောင်​​လေး​တွေထိလို့ရမယ့်​အရာများထင်​​နေလား?!

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now