Chapter 13 : မိစ္ဆာလမ်းစဉ်​ကျင့်​ကြံသူများ

8.5K 971 46
                                    

<Zawgyi>

မြို့မှာ​နေထိုင်​ကြတဲ့လူ​ပေါင်း၃၀၀-၄၀၀​လောက်​​ပြောင်း​ရွေ့သွားကြသည်​။သို့​ပေမယ့်​လူ၃၀၀-၄၀၀ဆိုတာ​သေးငယ်​တဲ့ဂဏန်းမဟုတ်​တာ​ကြောင့်​တစ်​ညတည်းနဲ့ထိုလူ​တွေအကုန်​​ပျောက်​ကွယ်​သွားဖို့ဆိုတာဘယ်​လိုဖြစ်​နိုင်​မှာတဲ့လဲ?

ချူ ယွီထို​မေးခွန်းကိုစဉ်းစားလိုက်​ပြီးလက်​ရှိအ​ခြေအ​နေကပုံမှန်​မဟုတ်​ဘူးလို့ခံစားလိုက်​ရသည်​။သူ့​ခြေ​ထောက်​က​နေ​ခေါင်းအထိ​လေ​အေးတိုက်​ခိုက်​သွားတယ်​လို့ခံစားလိုက်​ရသည်​။လက်​ရှိအ​ခြေအ​နေကိုစဉ်းစားကြည့်​တဲ့အခါသူ့ဦး​ရေခွံ​တွေပါထုံကျဉ်​သွားသည်​။သူရှဲ့ရှီရဲ့​ခေါင်း​လေးကိုဖွ​ပေးပြီးဘာ်​သူကဘယ်​သူ့ကိုနှစ်​သိမ့်​​ပေးရမလဲဆိုတာမသိပဲ​ပြောလိုက်​သည်​။"ရှိသိ..မ​ကြောက်​နဲ့"

ရှဲ့ရှီ​ကြောက်​လန့်​​နေခြင်းမဟုတ်​​ပေ။သူခဏ​လောက်​​ပြောစရာစကားမဲ့သွားပြီးမ​နေနိုင်​ပဲ​မေးလိုက်​သည်​။"...တရှီရှုန်းက​ကြောက်​​နေလို့လား?"

ကြောက်​တာ​ပေါ့!ဒီotakuက​သေ​လောက်​​အောင်​​ကြောက်​​နေတာ!!!

ချူ ယွီမြင့်​မြတ်​ပြီးဆွဲမက်​စရာ​ကောင်းစွာပြုံးလိုက်​သည်​။"ဘယ်​လိုဖြစ်​နိုင်​မှာလဲ?"

ချူ ရှန်းလမ်းရဲ့အခြားတစ်​ဖက်​ကို​လျောက်​သွားခဲ့သည်​။သူအိမ်​​တော်​​တော်​များများကိုစစ်​​ဆေးခဲ့ပြီးချူ ယွီ​တွေ့ခဲ့တာကိုပဲ​တွေ့ခဲ့သည်​။သူမျက်​​မှောင်​ကြုတ်​ပြီးရှဲ့ရှီနဲ့ချူ ယွီတို့ရှိရာဘက်​ကိုကြည့်​လိုက်​သည်​။ရုတ်​တရက်​သူ့မျက်​နှာအမူအရာ​ပြောင်းလဲသွားသည်​။"ညီ​လေး..သတိထား!"

သူ့​နောက်​ကိုကြည့်​ဖို့အလိုအ​လျောက်​လှည့်​လိုက်​သည်​။သွေး​တွေအပြည့်​နဲ့ပွင့်​​နေတဲ့ပါးစပ်​ကြီးနဲ့အတူသူ့ကိုခုန်​အုပ်​ဖို့အဆင်​သင့်​ဖြစ်​​နေတဲ့​ရေမိစ္ဆာတစ်​​ကောင်​ကို​တွေ့လိုက်​သည်​။တိုက်​ခတ်​လာတဲ့​လေကမိစ္ဆာ​ကောင်​ကြီးဆီကစိတ်​ပျက်​ဖွယ်​ပုပ်​အက်​အက်​အနံ့ကိုသူ့​ပေါ်သယ်​​ဆောင်​လာခဲ့သည်​။

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now