Chapter 32 : ချူ ရွှမ်းဟဲ့

12.7K 1.2K 193
                                    

<ZAWGYI>

ဘာ?ချူ ရွှမ်းဟဲ့?အဲ့တာဘယ်​သူလဲ?

ချူ ယွီစဉ်းစားရကျပ်​သွားသည်​။သူထိုအ​ကြောင်းကိုတစ်​ခညမှမကြားဘူး​ပေ။

မူလဝတ္ထုထဲမှာဒီလို​ဇာတ်​ကွက်​မျိုးမရှိခဲ့​ပေ...ဒါhidden plotများလား?

'ချူ ရွှမ်းဟဲ့'ဆိုတဲ့နာမည်​ကိုကြားတဲ့အခါချူ မိသားစုဝင်​​တွေနဲ့ဧည့်​သည်​​တွေရဲ့မျက်​နှာအမူအရာဖြူ ​ဖျော့သွားသည်​။ချူ ရှန်းနှဖူး​ပေါ်လက်​တင်​ပြီးနားထင်​​ကြောကိုနှိပ်​လိုက်​သည်​။သူ့မျက်​လုံး​တွေကနီရဲ​နေ​ပေမယ့်​ကို​ယ့်​ကိုယ်​ကိုတည်​ငြိမ်​​အောင်​ဖိအား​ပေးထားသည်​။"ကျွန်​​တော့နဲ့ကျွန်​​တော့ညီ​လေးကိုအချိန်​ခဏ​လောက်​​ပေးပါ။သူ့ကို​ပြောစရာ​လေးရှိလို့"

အိမ်​​တော်​ထိန်းက​သေလုဆဲဆဲဖြစ်​တဲ့စာပို့သမားကိုသယ်​ပြီးတွန့်​ဆုတ်​​နေကာ​ပြောလိုက်​သည်​။"...သခင်​​လေးချူ ရွှမ်း..."

သူမ​ပြောသင့်​တာကို​ပြောမိသွားမှန်းသတိရလိုက်​ကာခဏ​လောက်​ရပ်​တန့်​လိုက်​ပြီးနာမည်​ကိုအကျယ်​ကြီးမ​ပြော​တော့ပဲတိုးတိုး​လေး​ပြောလိုက်​သည်​။"....သူပြန်​နိုးထလာပြီ..။ကျွန်​​တော်​တို့ချူ မိသားစုရဲ့​ခေါငး​ဆောင်​​တွေကိုအ​ကြောင်းကြားသင့်​လားလို့သိပါရ​စေ.."

ချူ ရှန်း​အေးစက်​စက်​​ပြောလိုက်​သည်​။"ဒီကိစ္စကိုဘယ်​သူမှအဖိုးနဲ့အဖွားကိုတင်​ပြဖို့မလိုဘူး။သူတို့က​သေခြင်းရှင်​ခြင်းကြားတံခါးပိတ်​ကျင့်​ကြံ​နေကြတယ်​။ဘယ်​သူမှ​နှောက်​ယှက်​လို့မရဘူး"

လူ​တွေအကူန်​လုံးကချူ ရှန်းကိုသနား​နေသလိုတိတ်​တဆိတ်​ရပ်​​ကြည့်​နေကြသည်​။သူ့တို့လက်​နှစ်​ဖက်​ကိုရင်​ဘတ်​နားမှာထားပြီးဦးညွတ်​အရိုအ​သေ​ပေးလိုက်​ကာဒါဏ်​ရာရ​နေတဲ့သူကို​ခေါ်ပြီးနာခံစွာထွက်​သွားကြသည်​။

အခန်းထဲမှာသူတို့နှစ်​​ယောက်​ပဲကျန်​​တော့တဲ့အခါချူ ရှန်း ချူ ယွီကိုကြည့်​လိုက်​သည်​။သူ့မျက်​နှာကအရမ်းဖြူ ​ဖျော့​နေပြီးနီရဲ​နေတဲ့မျက်​ဝန်တစ်​စုံကအရမ်း​ကြောက်​ဖို့​ကောင်း​နေသည်​။ချူ ယွီမ​နေနိုင်​ပဲစိုးရိမ်​စွာ​မေးလိုက်​သည်​။"..အစ်​ကိုကြီး..မင်း..."

ကံကွမ်မာစရော(On Hold Myanmar Translation)Where stories live. Discover now