4

2.1K 255 12
                                    

တွေ့ချင်နေတဲ့ပုံရိပ်လေးမရှိတာကြောင့် Perthခေါင်းငိုက်စိုက်ကျကာ ကားရှိရာသို့ ပြန်လျှောက်လာခဲ့သည်။ စိတ်ညစ်ညူးမှုတွေနှင့်အတူ အိမ်ကိုကားမောင်းပြန်လာခဲ့သည်။

ထိုညက သူ့ဖုန်းထဲမှာရိုက်ထားမိတဲ့ ပုံရိပ်လေးရဲ့ နောက်ကျောပုံလေးကို ထိုင်ကြည့်ရင်းစဉ်စားနေမိတာက ဆက်ရှာရမလား၊ လက်လျှော့လိုက်ရတော့မည်လား။

ဘာမှန်းမသိတဲ့သူတယောက်ကို ဘာမှန်းမသိဘဲ လိုက်ရှာနေမိတဲ့သူ့ကိုသူလဲ စိတ်ပျက်သည်။ မွေးကတည်းက ဘာမှန်းမသိပါလာတဲ့ ကံကြမ္မာကြီးကိုလဲ စိတ်ပျက်သည်။ လက်လျော့လိုက်ဖို့ အကြိမ်ကြိမ်တွေးမိပေမဲ့ ဖုန်းထဲက ဓာတ်ပုံလေးကိုပြန်ကြည့်မိတိုင်း ထိုသူ့ကိုတွေ့ချင်တဲ့စိတ်က ထိန်းမနိုင်သိမ်းမရဖြစ်ပြန်သည်။

ဖြစ်ပေါ်လာတဲ့စိတ်ရှုပ်ထွေးမှုတွေကြောင့် ဒီတခါတော့ တကယ်ကို လက်လွှတ်လိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်သည်။ Perthလဲ တွေ့ချင်တဲ့စိတ် သိချင်တဲ့စိတ်တို့ကိုလျော့ချကာ သူငယ်ချင်းတွေနဲ့ပျော်အောင်နေရင်း အချိန်ဖြုန်းနေလိုက်သည်။

သူ့ရဲ့အချိန်တွေကို ကျောင်းတက်လိုက် စာလုပ်လိုက် သူငယ်ချင်းတွေနှင့်မုန့်စား လျှောက်သွားနေရင်းနှင့်သာ အိမ်မက်အကြောင်းမစဉ်းစားမိအောင် ကြိုးစားနေနေသည်။

ဒီလိုနှင့် တနေ့၌ "Perth.... ငါArtဌာနသွားမလို့ ခဏလိုက်ခဲ့ပေးပါလား.... ငါ့အကိုက အဲ့မှာရှိတဲ့ သူ့သူငယ်ချင်းစီက ပစ္စည်းယူလာပေးဖို့မှာလိုက်လို့ လိုက်ခဲ့ပေးနော်... နော်.... Planနဲ့ Earthကလဲမရှိလို့ပါဟာ.... ငါတယောက်ထဲလဲမသွားချင်လို့" Summyကသူနဲ့အတူလိုက်ခဲ့ဖို့ Perthကိုခေါ်နေသည်။

Summyတယောက်ထဲဖြစ်နေတာကြောင့်Perthလဲ လိုက်သွားပေးဖြစ်သည်။
"ကားမယူတော့နဲ့နော်.... သိပ်မှမဝေးတာ လမ်းလျှောက်သွားရအောင်"ဟု Summyကပြောတာကြောင့် Perthတို့ ၂ယောက် လမ်းလျှောက်ကာ Artဆောင်ဘက်သို့ထွက်လာခဲ့သည်။

"Perth... ငါကဆရာတွေနေတဲ့နားနေခန်းမှာ သွားယူရမှာ နင်လိုက်တက်လာမလား ဒါမှမဟုတ် အောက်မှာပဲစောင့်မလား"

My Soulmate (Complete)Where stories live. Discover now