30

2K 246 18
                                    

အနမ်းတို့ကို ရှည်ကြာစေရင်း ချိမြိန်မှုမှ ရမက်ဆန်တဲ့ အနမ်းတွေအဖြစ်သို့ ကူးပြောင်းသွားရင်း အသက်ရှူသံတွေက ပြင်းထန်လာခဲ့သည်။ အောက်စီဂျင်က အဆုတ်ထဲမရောက်သလို မောဟိုက်နေပြီး နှုတ်ခမ်း၂စုံကြားကနေ လေကိုမတရား ရှုသွင်းနေရသည်။

ရင်ဘက်တို့ကိုခပ်ဖွဖွတွန်းထုတ်လာတဲ့လက်တို့ကို ဆွဲကိုင်လိုက်ရင်း အောက်နှုတ်ခမ်းဖောင်းဖောင်းလေးကို မလွတ်တမ်းစုပ်ယူထားရင်း လက်ချောင်းလေးတွေကို ယှက်ကိုင်ကာ နံရံမှာဆွဲကပ်လိုက်သည်။

ထို့နောက် နှုတ်ခမ်းတို့ကို အလွတ်ပေးရင်း ဦးတည်ရာကို လည်တိုင်ဖြူဖြူလေးတွေထက်သို့ ပို့လိုက်သည်။ လည်တိုင်တလျှောက် နှုတ်ခမ်းသားလေးနှင့် ဖွဖွ နမ်းရှိုက်ရင်း လျှာဖျားလေးတွေနှင့်ပါ ပွတ်ဆွဲလိုက်မိတော့ 'အင်း.....'ဆိုပြီး ငြီးသံတိုးတိုးလေး ထွက်လာခဲ့သည်။

နားရွက်ဖျားလေးတွေကို ဖွဖွစုတ်ယူနေရင်း ဝတ်ထားတဲ့အင်္ကျီရဲ့ ကျယ်သီးတွေကို ချွတ်မိတော့ Saintရဲ့လက်တို့က Perthရဲ့ လက်ပေါ်မှာ အုပ်ကိုင်လာတာကြောင့် ကြည့်လိုက်တော့ ပန်းသီးလို နီရဲရဲမျက်နှာလေးပေါ်မှာ စိတ်လှုပ်ရှားမှုတွေက အတိုင်းသားမြင်နေရသည်။

မျက်ဝန်းလှလှလေးတွေမှာ မျက်ရည်စလေးတွေက ဝေ့သီနေသလို။ ပြင်းထန်လွန်းတဲ့ အသက်ရှူနှုန်းကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ရင်အစုံ။ အဲ့ဒီအပေါ်မှာမှ ကျယ်သီးဖြုတ်နေတဲ့ Perthရဲ့ လက်တို့ကို တားထားတဲ့ လက်ဖြူဖြူသွယ်သွယ်လေး။

"P' Saint.... ကျွန်တော် ရှေ့ဆက်သွားလို့မရဘူးလား...."

Perthရဲ့မေးခွန်းအဆုံးမှာ နှုတ်ခမ်းလေးကို လျှာဖျားလေးနှင့်သပ်လိုက်ကာ ရီဝေတဲ့အကြည့်တို့နှင့် စိုက်ကြည့်ရင်း
"Perth.... P'ကို အချိန်ပေးလို့ရမလား.... P'အခုထိ Perthကို ချစ်လား မချစ်ဘူးလားဆိုတာ... ကိုယ်တိုင်တောင်မသိသေးဘူးလေ.... အရင်ဘဝက ချစ်သူဖြစ်ခဲ့တယ်ဆိုပေမဲ့ အရင်ကအရင်ပဲလေ.... အခုလက်ရှိပစ္စုပ္ပါန်မှာ ဖြတ်သန်းရမဲ့အရာကို P'အနေနဲ့ သေချာစဉ်းစားဖို့ လိုလို့ပါ... P'ကို အချိန်ပေးပါ..."

"P'အခုထိ ချစ်လား မချစ်လားမသိသေးဘူးလား.... အဲ့ဒါဆို ဒီနေ့ကျွန်တော့ကို သဝန်တိုတာကရော... ပြီးတော့ ကျွန်တော်တို့ အခုပေးခဲ့တဲ့ အနမ်းတွေကရော.... P'စိတ်ထဲကမပါဘဲ လုပ်ခဲ့တာတွေလား.....

My Soulmate (Complete)Where stories live. Discover now