ရင်ထဲက ဖြစ်တည်လာတဲ့ ခံစားချက်တို့ကို အရွဲ့တိုက်ဖို့ Saintလုပ်ခဲ့မိသည်က သူ့Clubတွေသွားစဉ်က သူ့ကိုကြွေနေတဲ့ ကောင်မလေးတယောက်ကို သူ့နားလာဖို့အခွင့်ရေးပေးလိုက်ခြင်းပင်ဖြစ်သည်။
Perthကို ပန်းချီဆွဲဖြစ်တဲ့နေ့ပြီးထဲက နောက်ရက်တွေမှာ မဆုံနိုင်အောင် ရှောင်နေဖြစ်သည်။ ရင်ထဲကခံစားချက်တွေကို ကိုယ်တိုင်လက်မခံနိုင်တာကြောင့် Perthကို ရှောင်ဖယ်ကာ ဝေးဝေးနေလိုက်တာ အကောင်းဆုံးနည်းလမ်းဖြစ်မည်ဟု စဉ်းစားမိသည်။
ဒါအပြင်ပြောစကားနားမထောင်တဲ့နှလုံးသားကို မလှိမ့်တပတ်လုပ်ဖို့ ရီးစားတယောက်ထားကြည့်လိုက်သည်။ သူ့နှလုံးသားက ဘယ်လောက်ပင်Perthဆိုတဲ့ ကောင်လေးကိုတောင့်တနေပါစေ မိန်းကလေးတယောက်ကို အစားထိုးလိုက်ခြင်းက ဖြေသိမ့်ပေးနိုင်လိမ့်မည်ဟုထင်တာကြောင့် တွဲလိုက်ခြင်းဖြစ်သည်။
သို့ပေမဲ့ ထိုကောင်လေးရဲ့ ပုံရိပ်တွေက သူ့ကိုညှို့ယူထားသလို နေရာတိုင်းမှာ မြင်ယောင်နေမိသည်။ ယုတ်စွအဆုံး ဘေးနားမှကောင်မလေးက ကလူ၏မြှူ၏လုပ်နေရင်တောင် သူ့ခေါင်းထဲမှာ Perthရဲ့ ခန့်ညားပြီးဆွဲဆောင်မှုရှိတဲ့ အသွင်သဏ္ဏာန်လေးက ပေါ်ပေါ်လာတာကြောင့် ကိုယ့်ကိုယ်ကိုယ်စိတ်အပျက်ကြီး ပျက်နေမိသည်။
သူလိုချောမောပြီး မိန်းကလေးတွေကြားမှာ ရေပန်းစားတဲ့လူတယောက်က ယောက်ျားလေးတယောက်အပေါ် ဘာလို့ဒီလိုစွဲလမ်းသွားတာလဲဆိုတာ ကိုယ်တိုင်နားမလည်နိုင်။ ထိုခံစားချက်တွေကို ကိုယ်တိုင်လဲလက်မခံနိုင်။ ဒါကြောင့် Perthနဲ့မတွေ့ဖြစ်အောင်သာ နေဖို့ကြိုးစားခဲ့သည်။
အရင်ခရီးတွေသွားတုန်းက Perthနဲ့ထိတွေ့မှုရှိခဲ့သော်လည်း ဒီလောက်မခံစားမိ။ ယခုမှဘာလို့ သူ့မျက်နှာကို သေချာကြည့်မိတော့မှ ဒီလိုရူးသွပ်လောက်အောင်စွဲလမ်းသွားရသည်လဲ။ Perthကို modelထိုင်ပေးဖို့တောင်းဆိုမိတဲ့ ကိုယ့်ကိုကိုယ်သာ အပစ်တင်မိသည်။
အခု Saintအနေနဲ့ Perthကိုမတွေ့မိအောင်ရှောင်နေဖြစ်သည်။ ဒါပေမဲ့ နောက်ထပ်သူလုပ်မိနေတာက Perthရဲ့ပုံတူပန်းချီကားချပ်တွေကို တချပ်ပြီးတချပ်ဆွဲမိနေခြင်းဖြစ်သည်။
YOU ARE READING
My Soulmate (Complete)
Любовные романыThere will not have any describtions. Just follow with your heart to my plots.😘😘😘 (Z+U)