44

1.4K 196 18
                                    

သေခြင်းနဲ့ရှင်ခြင်းဟာ အလွှာပါးပါးလေး ခြားတယ်ဆိုရင် အဲ့အလွှာပါးလေးကို ဖြတ်ကျော်လုနီးနီးအချိန်မှာပဲ ကျွန်တော်ပြန်လည်ရှင်သန်ခွင့်ရခဲ့တယ်...

ရာသီတွေနှစ်ကာလတွေကူးပြောင်းလို့ နွေမိုးဆောင်းအလီလီကုန်သွားပေမဲ့ ကမ္ဘာ့တဖက်ခြမ်းကို ကျောခိုင်းကာထွက်သွားတဲ့ လူတယောက်ကတော့ ကျွန်တော့ကို မေ့လျော့ကာနေလေသလား.....

နွေဦးနဲ့နွေ ဆောင်းဦးနဲ့ဆောင်း ရာသီလေးမျိုးပဲရှိတဲ့ ထိုနိုင်ငံကလူသားကသူ့ရာသီဥတုနဲ့လိုက်ဖက်စွာ ရေခဲရိုက်နှလုံးသားကို ပိုင်ဆိုင်သွားခဲ့တာလား.....

ပူနွေးစိုစွတ်တဲ့ ထိုင်းနိုင်ငံမှာ ကျန်ခဲ့ရတဲ့ကျွန်တော်ကတော့ သူထားခဲ့တဲ့ အလွမ်းဒဏ်ရာတွေနဲ့ စုတ်ပြတ်နေတဲ့ နှလုံးသားတခုကို ဆုပ်ကိုင်ထားရင်း ရှင်သန်ခြင်းခပ်ပါးပါးမှာ ပြေးလွှားရုန်းကန်နေရဆဲပဲ....

........................🖤❤..........................

လွန်ခဲ့တဲ့ 4နှစ်က.....
Pattayaဟိုတယ်ရဲ့ကြမ်းပြင်မှာ မေ့မြောနေခဲ့တဲ့ Perthကို ပါးနဲ့Maeတို့ အချိန်မှီရှာတွေ့ခဲ့တာကြောင့် ဆေးရုံကိုအမြန်ရောက်ခဲ့ကာ အသက်ရှင်သန်ခွင့်ရခဲ့သည်။

နှလုံးထိခိုက်ကာ ရှော့ရသွားတဲ့အခြေအနေကြောင့် နှလုံးသွေးကြောလေးတွေက ကောင်းစွာအလုပ်မလုပ်နိုင်တော့သဖြင့် စက်ကိရိယာရဲ့အကူအညီကိုသုံးဖို့ Operationခန်းသို့ဝင်ကာ နှလုံးစက်ထည့်ခြင်းကိစ္စရပ်ဖြင့် အသက်ဆက်ရှည်စေခဲ့ရသည်။

Perthရဲ့ ကျန်းမာရေးအခြေအနေကို Perthမေမေပြောပြတုန်းက ယခုလောက်ထိအခြေနေ မဆိုးလောက်ဘူးဟု ထင်ထားမိခဲ့တဲ့ Mr.Tanaponကတော့ သားဖြစ်သူရဲ့အခြေအနေကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတော့မှ ကိုယ့်ကိုယ်ကို နောင်တကြီးစွာ အပြစ်တင်နေမိသည်။

မိမိရဲ့အတ္တတခုကြောင့် မွေးကတည်းကပိုးမွေးသလို အရိပ်တကြည့်ကြည့် မွေးမြူခဲ့ရတဲ့ အဖိုးတန်တဦးတည်းသောသားလေးက အသက်ဆုံးရှုံးလုနီးနီး ဖြစ်ခဲ့ရပြီ မဟုတ်ပါလား။

Perthမှတ်မိခဲ့တဲ့ အတိတ်ဘဝအဖြစ်အပျက်များကို Perthမေမေပြောပြသော်လည်း မယုံခဲ့။ လိင်တူယောက်ျား၂ယောက်ကြားက အချစ်ဆိုတာကို ခေတ်ကာလသားသမီးတွေ အရူးထခြင်းလို့သာ သတ်မှတ်ပြီး ခါးခါးသီးသီးငြင်းပယ်ကာ သားဖြစ်သူနဲ့ သူ့ကောင်လေးကို ဖိအားများပေးကာကွဲကွာစေခဲ့သည်။

My Soulmate (Complete)Where stories live. Discover now