32

2.2K 269 17
                                    

အကြောင်းအရာတို့ကိုစဉ်းစားရင်း စိတ်ရှုပ်ထွေးစွာ အိပ်ပျော်သွားမိသည့်Saint

အချိန်ဘယ်လောက်ကြာကြာ အိပ်မိသွားသည်ကိုမသိ ပြန်နိုးလာကာ မျက်လုံးဖွင့်ကြည့်တော့ အခန်းပြတင်းပေါက်မှတဆင့် ကောင်းကင်ပေါ်က လခြမ်းကွေးကွေးလေးကို လှမ်းမြင်နေရသည်။

အခန်းထဲကို ဝေ့ကြည့်မိတော့ Gunတယောက်ထဲ ဆိုဖာပေါ်တွင် ထိုင်နေကာ စာအုပ်တအုပ်ကိုသည်းကြီးမဲကြီးဖတ်နေလေသည်။

"Gun.... မင်းငါ့ကို လာစောင့်ပေးနေတာလား"ပြောရင်းနဲ့ ထိုင်ဖို့ကုန်းထမိတော့ Gunကအလိုက်သတိပြေးလာကာ တွဲထူပေးလိုက်သည်။

"အင်း.... Saintမင်းနိုးလာရင်စားဖို့ ဆန်ပြုတ်ဝယ်ထားတယ်"ဟုပြောကာ စားဖို့ပြင်ဆင်ပေးရင်း တချိန်ထဲမှာပဲ Saintစားဖို့ ဆန်ပြုတ်ထုတ်လေးကို ဝယ်လာပေးကာ 'သူဝယ်လာပေးတာလို့မပြောဘဲ P' Gunဝယ်ထားပေးတာလို့ပြောပြီးတော့ ကျွေးပေးပါ.... သူဝယ်လာတာမှန်းသိရင် မစားဘဲနေမှာစိုးလို့'ဟူ၍ အထပ်ထပ်မှာနေရှာတဲ့ Perthကို တွေးမိကာ သက်ပြင်းချမိသည်။

Summyပြောပြချက်အရ Saintနှင့်Perthတို့ရဲ့ အကြောင်းများကို အကုန်သိထားပြီးတာကြောင့် Perthအခုလိုခံစားနေရတာကိုသနားမိသည်။

အရင်ကperthခံစားခဲ့ရတာတွေက Saintကအရင်ဘဝရဲ့အမှန်တရားတွေကို မသိခဲ့တဲ့အပြင် တမင်ရည်ရွယ်ကာ လုပ်ခဲ့တာတွေမဟုတ်သည့်အတွက် သူ့ကိုအပစ်တင်လို့မရပေမဲ့ အခုတခါမှာတော့ သူငယ်ချင်းဖြစ်သူSaintလွန်တယ်လို့ Gunတယောက်ခံစားရသည်။

ဒါကြောင့်ဆန်ပြုတ်သောက်နေတဲ့ Saintနဲ့မျက်နှာချင်းဆိုင် ခုတင်ပေါ်မှာဝင်ထိုင်လိုက်ရင်း
"Saint.... ငါတို့စကားနဲနဲပြောလို့ရမလား"

ဆန်ပြုတ်ငုံ့စားနေရင်းမှ တချက်မော့ကြည့်လာကာ
"အင်း..... ရတယ် ဟိုကောင်လေး အကြောင်းကလွဲပြီး ကျန်တာပြော"

Gunသက်ပြင်းရှည်ကြီးကိုချလိုက်ကာ "မင်းကလဲကွာ.... ဘာဖြစ်နေတာလဲ ကလေးကျနေတာပဲ.... အခုမင်းပုံက ကလေးတွေတခုခုလိုချင်တာအရလို့ အရွဲ့တိုက်ပြီး စိတ်ကောက်နေသလိုပဲ"

"Sh*t... Ai' Gun ငါကစိတ်ကောက်ရအောင် မိန်းကလေးမဟုတ်ဘူး"

"အဲ့ဒါဆို မင်းကဘာဖြစ်တာလဲ... Perthကိုဘာလို့ရေခွက်နဲ့ပါ ပေါက်ပြီး မောင်းထုတ်ရတာလဲ.....

My Soulmate (Complete)Where stories live. Discover now