25

1.8K 282 22
                                    

Gunအကြံပေးသွားသလိုပဲ Perthနဲ့စကားပြောကြည့်ဖို့ အခွင့်အရေးပေးဖို့စဉ်းစားမိသည်။ သူ့ကြောင့် Perthနာကျင်ခံစားခဲ့ရတာတွေ များနေပြီမဟုတ်ပါလား။

တကယ်တမ်းပြောရရင် Perthဖြစ်ခဲ့တဲ့ကိစ္စများကို သူကိုယ်တိုင်မသိခဲ့။ အရင်ဘဝကအကြောင်းများကိုလဲ မသိခဲ့။ အခုGunနဲ့ Perthတို့ပြောပြမှသာ ဒီအကြောင်းအရာတွေကို အနည်းငယ်သိလာခြင်းဖြစ်သည်။

ဒီ့ထပ်ပိုပြီး အသေးစိတ်သိရဖို့ သူ့အတ္တတွေကို လျော့ကာ Perthနဲ့သေသေချာချာ စကားပြောမှဖြစ်တော့မည်။ သူတွေ့ချင်နေသည့် Perthကရော ဘယ်ရောက်နေလဲမသိ။

ဒီနေ့ကျောင်းဖွင့်ရက်မှာ Saintတယောက် ကျောင်းသို့စောစောပဲ ထွက်လာခဲ့သည်။ Perthကိုကျောင်းမှာ လိုက်ရှာရမည်လေ။

ကျောင်းရောက်တာနဲ့ ကန်တင်းမှာသွားထိုင်စောင့်နေမိသည်။ သိပ်ကြာကြာမစောင့်လိုက်ရ Perthကို Summyတို့အုပ်စုနဲ့တူတူ ကန်တင်းဘက်သို့လာနေသည်ကို လှမ်းတွေ့လိုက်ရသည်။

Saintမြန်မြန်ပဲ မက်တပ်ရပ်ပြီး Perthမြင်အောင်လက်လှမ်းပြလိုက်သည်။ အဲ့အချိန်မှာ Saintမထင်မှတ်ထားမိတဲ့အရာတခုကို Perthကလုပ်လိုက်တာကြောင့် Saintအံ့သြသွားမိသည်။

Perthက သူ့ကိုတွေ့သည်နှင့် မျက်နှာတချက်ပျက်သွားကာ သူ့ဆီသို့ဆက်မလျှောက်လာတော့ဘဲ အနောက်လှည့်ကာ ထွက်ပြေးသွားလေသည်။ သူလဲအမြန်ပင် လွယ်အိတ်ကို ကောက်ဆွဲကာ Summyတို့အဖွဲ့နားသို့ပြေးသွားလိုက်သည်။

ရုတ်တရက်ထွက်ပြေးသွားတဲ့ Perthကြောင့် လန့်သွားတဲ့Summyတို့လဲ Saintကိုလှမ်းမြင်လိုက်တော့မှ သဘောပေါက်သွားကာ Perthကိုလှမ်းမခေါ်တော့ဘဲ ထမင်းမှာဖို့ကိုပဲ ခြေလှမ်းပြင်လိုက်သည်။

"Summy....Summmy... Perthကဘယ်ကိုသွားတာလဲဟင်...."

"သူမတွေ့ချင်တော့တဲ့လူတယောက်ကို တွေ့လိုက်လို့ ထွက်သွားတာနေမှာပေါ့...." ထိုအဖြေကိုပေးလိုက်သူက Plan။

"ဟင်.... သူမတွေ့ချင်တဲ့သူဆိုတာက ဘယ်သူလဲ.... P'က သူနဲ့စကားပြောစရာရှိလို့ လာစောင့်နေတာ"

Saintစကားကိုကြားပြီးနောက် ဒေါသထွက်သွားတဲ့ပုံစံနဲ့ လက်သီးကိုဆုတ်ရင်း အရှေ့ကိုထွက်လာတဲ့ Planကို Summyက လှမ်းဆွဲထားလိုက်ရင်း

My Soulmate (Complete)Where stories live. Discover now