41

1.4K 195 14
                                    

မှောင်မဲတိတ်ဆိတ်နေတဲ့ အိမ်ခန်းလေးရဲ့ ဆိုဖာခုံပေါ်မှာ ကောင်လေးတယောက် ငြိမ်သက်စွာ ထိုင်နေသည်။ သူထိုနေရာမှာထိုင်နေမိတာ အိမ်ကိုပြန်ရောက်တဲ့ အချိန်ကနေစပြီး အချိန်တခုထိကိုရောက်လာခဲ့ပြီ။ မိုးစက်မိုးမှုန်တို့ကြောင့်မှိုင်းပြနေတဲ့ ကောင်းကင်ပြင်က အခုဆို အမှောင်အတိသို့ကူးပြောင်းသွားခဲ့ပြီ။

ပြတင်းတံခါးကဖြတ်သန်းဝင်ရောက်လာတဲ့ လရောင်ခပ်အုပ်အုပ်က သူ့ရှေ့မှာထောင်ထားတဲ့ ပန်းချီကားလေးပေါ်ကို ဖြန့်ကျက်ကာ အသက်ဝင်နေစေသည်။

ပန်းချီကားလေးထဲကကောင်လေးကတော့ ကျောပေးကာ ခေါင်းလေးတခြမ်းငဲ့စောင်းကြည့်လျက်။ ပန်းချီကားထက်ကကောင်လေးရဲ့မျက်နှာကိုငေးစိုက်ကြည့်ရင်း ပါးမို့ဖောင်းဖောင်းလေးပေါ်သို့ စိုစွတ်မှုတခုဖြစ်ပေါ်လာတာကြောင့် လက်နှင့်ဖွဖွတို့ထိကာ ကြည့်မိလိုက်သည်။ သူငိုနေမိသည်ပဲ။

ချစ်ရသူနဲ့ သူ့ရဲ့မာနတရားကြား လွန်ဆွဲနေရခြင်းက သူ့ရင်ထဲ၌ နေအစင်းတရာလောက်ပူနေသလို ပူလောင်လှသည်။ ချစ်ရသူတွက် ကျန်ရှိနေတဲ့ မာနတို့ကိုခဝါချကာ အရာရာအောက်ကျို့နေရမည်လား။ သို့တည်းမဟုတ် ချစ်သူရဲ့အဖေပြောတဲ့စကားအတိုင်း သူထွက်သွားပေးရမည်လား။

Perthကြောင့်မဟုတ်ပေမဲ့ Mr.Tanaponပြောလိုက်တဲ့ စကားတခွန်းက သူ့ရင်ထဲနာကျဉ်းစေတာအမှန်ပင်။ နောက်ထပ်တကြိမ် နောက်ထပ်တခေါက် ထပ်အစော်ကားခံရဖို့ကိုတော့ သူရင်မဆိုင်ရဲ။

ယောက်ျားတယောက်ကို ချစ်မိသွားဖို့ ကိုယ်တိုင်လက်မခံချင်သော်လည်း နှလုံးသားရဲ့ တားဆီးမရတဲ့ ဆန္ဒအပေါ်အလိုလိုက်မိတာကြောင့် အစော်ကားခံရလေခြင်းဟု ကိုယ့်ကိုယ်ကိုအကြိမ်ကြိမ်အပစ်တင်နေမိသည်။

Perthကိုမခွဲသွားရက်လို့ ငြင်းပယ်ထားခဲ့တဲ့ အကြောင်းအရာတခုကိုပဲ လုပ်လိုက်ရတော့မည်လား။

အဖေနဲ့အမေက သူတို့ရှိရာ ဥရောပအရှေ့ပိုင်းက Austriaကိုလာဖို့ပြောနေတာ သူကျောင်းပြီးကတည်းကပင်ဖြစ်သည်။ ပထမက သူကျောင်းပြီးလို့ ၁နှစ်လောက် ထိုင်းနိုင်ငံမှာနေရင်း ပန်းချီဆရာလုပ်ပြီးလျှင် Austriaသို့လိုက်သွားဖို့ စီစဉ်ထားခဲ့သော်လည်း Perthဆိုတဲ့ကောင်လေးသူ့ဘဝထဲသို့ဝင်လာသည့် အချိန်မှစ၍ သူထိုင်းနိုင်ငံက ထွက်သွားဖို့ကိုငြင်းဆန်ခဲ့သည်။

My Soulmate (Complete)Where stories live. Discover now