Final Part

2K 142 6
                                    

ပန်းချီပြပွဲပြီးကတည်းက ထိုင်းနိုင်ငံသို့ပြန်ကာ ချစ်သူရှိရာသို့သွားချင်ပေမဲ့ ကတယ်တမ်းပြန်ရမဲ့ အချိန်ကျတော့ မသိမသာ တွန့်ဆုတ်နေမိသည်။

ထားခဲ့ရက်တာက ကိုယ်တိုင်ပင်မို့လို့ သူခွင့်မလွှတ်ရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ကြောက်ရွံ့စိတ်တို့က ရင်မှာစိုးမိုးနေသည်။

သတ္တိကြောင်တာလားလို့မေးလျှင် ဟုတ်တယ်ဟုသာပြန်ဖြေမိမည်။ မိုးကိုဒူးနဲ့တိုက်ရဲက၊ ရင်ဆိုင်ရဲတဲ့ ယောက်ျားသားပေမဲ့ ချစ်သူဆီက အမုန်းနဲ့ဥပက္ခာကိုရမှာကိုတော့ ကြောက်ကြသည်ချည်းသာ။

ပြန်ဖို့စီစဉ်ထားတဲ့ လေယာဉ်လက်မှတ်ကို နောက်ဆုတ်လိုက်ပြီး ကားကိုယူကာ Pragueသို့ထွက်လာခဲ့သည်။

Pragueရဲ့ သူအကြိုက်ဆုံးနေရာဖြစ်တဲ့ Charles Bridgeကိုသွားကာ ပန်းချီဆွဲရင်း စိတ်ကိုတည်ငြိမ်အောင်အချိန်ယူချင်သည်။

အခုအချိန်က ဆောင်းဦးနဲ့ဆောင်းရာသီကြားကာလမို့ နှင်းတွေကျနေပေမဲ့ အေးခဲလောက်တဲ့ထိတော့ မအေးသေး။

Pragueရဲ့ Charlesတံတားဆိုတာက အနုပညာရှင်များရဲ့ သုခဘုံလေးလို့ခေါ်လို့ရသည်။ ကားတွေဖြတ်မောင်းတဲ့တံတားမျိုးမဟုတ်ဘဲ လူများလမ်းလျှောက်ရန်သာခွင့်ပြုထားပြီး တံတားဘေးတဖက်တချက်မှာ ဥရောပရဲ့ဂန္ထဝင်မြောက်လှတဲ့ ရုပ်ထုကြီးတွေက အစီအရီ။

တံတားတလျှောက်မှာ ဖန်ခွက်လေးများကိုရေထည့်ပြီး ဂီတသံစဉ်ထွက်အောင်တီးခတ်သူ ဂစ်တာတီး၍ တေးသီချင်း သီဆိုနေကြသူများအပြင်  ရှုခင်းပန်းချီဆွဲနေကြသူများကတမျိုး ပုံတူပန်းချီ ကယ်ရီကယ်ချာ ရုပ်ပြောင်ပန်းချီဆွဲသူများကတဖုံ တကယ်ကိုအနုပညာအငွေ့အသက်များနှင့် ဖုံးလွှမ်းနေသောနေရာတခု။

ဆောင်းတွင်းအချိန်မှာ အဖြူရောင်နှင်းမှုံလေးတွေက အနက်ရောင်ရုပ်ထုကြီးတွေပေါ် ခိုတွဲနေတာကလည်း ဥရောပရဲ့ အနုပညာဆန်စွာ လှပခြင်းတမျိုးမည်၏။

ယခုသူလည်း တံတားကို သေချာမြင်နေရတဲ့ မြင်ကွင်းကောင်းကောင်းတနေရာတွင် အနွေးထည်ထူထူတထည်ဝတ်ကာ ကော်ဖီပူပူတဘူးကိုဘေးချလို့ ပျားပန်းခတ်မျှလှုပ်ရှားသွားလာနေတဲ့ လူတွေနဲ့ Charles bridgeရဲ့ ပုံရိပ်ကို ကင်းဗတ်စပေါ်မှာ ကူးယူရေးဆွဲနေမိသည်။

My Soulmate (Complete)Where stories live. Discover now