5

2.3K 231 12
                                    

ထိုနေ့ည Perthအိမ်မက်ထဲသို့ ပုံရိပ်လေးရောက်လာခဲ့သည်။ မက်နေကျအတိုင်း သူ့ကိုကျောပေးကာ ဝေးကွာ၍သွားနေဆဲ။ သူကလဲ အနောက်မှပြေးလိုက်ကာ ခေါ်နေဆဲ။ ထူးခြားမှုတခုမှာ အရှေ့ကသွားနေတဲ့ပုံရိပ်လေးက နောက်ကပြေးလိုက်နေတဲ့ Perthကို ခေါင်းလေးစောင့်ငဲ့ပြီးလှည့်ကြည့်သည်။ မပီဝိုးဒဝါး မျက်နှာတခြမ်းလေးကို အားစိုက်ကြည့်နေဆဲမှာပဲ ပုံရိပ်လေးက မြူတွေကြားမှာ ကွယ်ပျောက်သွားလေသည်။

Perthလဲ အိမ်မက်ကနိုးလာကာ ထထိုင်လိုက်သည်။ မျက်နှာပေါ်လက်နှစ်ဖက်နှင့်အုပ်ကိုင်လိုက်ပြီး အိမ်မက်ကိုပြန်လည်စဉ်းစားနေမိသည်။
"ဘာကြောင့် ငါ့ကိုတည့်တည့်မကြည့်ရတာလဲ၊ မင်းဘယ်သူလဲ"ဟုသာ တိုးတိုးလေး ရေရွတ်မိလိုက်သည်။

အိမ်မက်အကြောင်းတွေးနေရင် ထိုင်နေမိတာ အချိန်တော်တော်ကြာသွားသည်။ ဒါကြောင့် အမြန်ရေမိုးချိုး အဝတ်စားလဲကာ ကျောင်းသို့အမြန်ထွက်လာခဲ့ရသည်။ ဒီနေ့က မနက်ပိုင်းအတန်းချိန်ရှိသည်လေ။

ကျောင်းသို့ရောက်တဲ့အခါမှ နောက်ကျနေသည့်အတွက် သူတို့အဆောင်ရှေ့မှာ ကားရပ်ဖို့နေရာမရှိတော့တာကြောင့် သူတို့အဆောင်ဘေးက Scienceဆောင်ဘက်မှာ ကားသွားရပ်ကာ လမ်းလျှောက်လာခဲ့သည်။

သူလမ်းလျှောက်ရင်း ကန်တင်းနားသို့အရောက်တွင် ကားလမ်းနံဘေး၌ ရပ်ထားသော ကားအဖြူလေးပေါ်မှလူတယောက်ဆင်းလာတာကို ခပ်လှမ်းလှမ်းမှမြင်လိုက်သည်။ သူ့ဘက်ကို မျက်နှာချင်းဆိုင်လျှောက်လာတာကြောင့် သေချာကြည့်မိလိုက်တော့ မနေ့ကတွေ့ခဲ့တဲ့ Artဌာနက လူချောလေး။

Style pant အညိုလေးနှင့် shirtပန်းနုရောင်လေးကို လိုက်ဖက်စွာဝတ်ဆင်ထားတဲ့သူ့ပုံစံလေးက ဖြူဥနူးညံနေလေသည်။

ဦးထုတ်မဆောင်းထားဘဲ ဆံပင်အညိုရောင်လေးကိုဘေးခွဲကာ သေသပ်စွာပုံသွင်းထားတဲ့ပုံစံက မနေ့ကလို ချစ်စရာကောင်းနေတာမျိုးမဟုတ်ဘဲ ခန့်ညားနေပြန်သည်။ မျက်မှန်ကိုင်းအမဲဝိုင်းဝိုင်းလေးက မျက်နှာပေါ်မှာ လိုက်ဖက်ကာ တည်ကြည်လွန်းလှသည်။

ဘယ်သူ့မှဂရုမစိုက်တဲ့ ပုံစံလေးနှင့် Super modelဆန်ဆန် လမ်းလျှောက်ပုံလေးက သူ့ကိုလိုက်ကြည့်မိနေအောင်ဆွဲဆောင်နေလေသည်။ Perthလဲ သူ့ကိုကြည့်ရင်း သဘောကျစွာ ကြိတ်ပြုံးလိုက်မိသည်။

My Soulmate (Complete)Where stories live. Discover now