ကောင်လေးရဲ့ အင်္ကျီကော်လံစကို ဆွဲကာအော်လိုက်ပြီးတော့မှ Saintစိတ်မကောင်းဖြစ်နေမိသည်။ မျက်နှာငယ်လေးနှင့် တောင်းပန်နေတဲ့perthပုံစံက သူ့ကိုတော်တော်လန့်သွားတဲ့ပုံပင်။ မနေ့ညကကိစ္စနဲ့ သူPerthကိုစိတ်ဆိုးမိပေမဲ့ အဲ့ဒီလောက်ထိမဟုတ်။ ဒီမနက်လဲ လူမှားပြီးလာဖက်တာကိုလဲ နားလည်ပေးလို့ရသည်။ ဒါဆို ဘာလို့သူဒီလောက်တောင်ဒေါသထွက်နေရတာလဲဆိုတာတော့ သူကိုယ်တိုင်ပင်သိသည်။
တကယ်တော့ ဒီခရီးကို အပန်းဖြေခရီးဟု နာမည်တပ်ကာထွက်လာရသော်လည်း Saintရဲ့စိတ်ထဲမှာတော့ နာကျင်မှုတွေနှင့် နှုတ်ဆက်ခွဲခွာခြင်းတွက် အမှတ်တရခရီးစဉ်ဆိုရင် ပိုမှန်လိမ့်မည်။
အကြောင်းက Saintရဲ့ ချစ်ရသူလေး Ploy။ Ployက စင်္ကာပူမှာ ကျောင်းတက်နေတဲ့သူဖြစ်သည်။ Saintတို့နှင့် ငယ်ငယ်ထဲကသူငယ်ချင်းဖြစ်ပြီး အထက်တန်းစာမေးပွဲပြီးတော့ Saintကဖွင့်ပြောကာ ချစ်သူတွေစဖြစ်ခဲ့ကြသည်။ Saintနှင့်Ployတို့ တက္ကသိုလ်ပထမတနှစ်တူတူတက်ပြီးနောက် Ployကစင်္ကာပူမှာ ကျောင်းသွားတက်ကာ အခုကျောင်းပြီးတော့မှ ပြန်လာခြင်းဖြစ်သည်။
Saintနှင့် Ployတို့ချစ်သူဖြစ်ကြတာ 4နှစ်တာ သက်တမ်းရှိပြီဖြစ်သည်။ ချစ်သူဖြစ်ပြီး ပထမတနှစ်မှာတင် Ploy စင်္ကာပူထွက်သွားလို့ ခွဲခွာကာLDRSအဖြစ်နေခဲ့ကြရသည်မှာ 3နှစ်ကျော်ပြီမဟုတ်ပါလား။ Ployသူ့ကိုခွဲသွားတုန်းက Saintတယောက် ရူးလောက်အောင် လွမ်းမိသည်။
အတူရှိခဲ့ဖူးတဲ့အချိန်လေးတွေတိုင်း အတူရှိခဲ့ဖူးတဲ့နေရာလေးကိုရောက်တိုင်း Ployဆိုတဲ့ကောင်မလေးကို မျက်လုံးထဲမြင်မိသည်။ သူငယ်ချင်းဘဝကနေ ချစ်သူဘဝကိုရောက်လာသူတွေမို့ အကြင်နာသံယောဇဉ်တွေက ချစ်သူရီးစားဆိုတာထပ်ပိုသည်။ အမှတ်တရတွေကလဲ ချစ်သူရီးစားဆိုတာထပ်များသည်။ ဒါကြောင့်ပဲ ဝေးကွာနေသည့်တိုင်အောင် သူတို့ရဲ့ပက်သက်မှုကို ထိန်းသိမ်းဖို့အမြဲ ကြိုးစားနေမိသည်။
LDRSဆိုတာ သံယောဇဉ်တွေ နားလည်မှုတွေ ယုံကြည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ အန္တရာယ်များပြီး အချိန်မရွေးပျက်တောက်သွားနိုင်တဲ့ ကြိုးလေးတချောင်းနဲ့တူသည်။ မိုင်တွေအများကြီးခြားထားတဲ့ နှလုံးသား၂ခုကို နားလည်မှုဆိုတာနဲ့ တွဲကာချည်နှောင်ထားတဲ့ ကြိုးမျှင်မျှင်လေး။ ဘဝတခုကို တည်ဆောက်ပေးနိုင်သလို ဘဝနှစ်ခုလုံးကိုလဲ ဖျက်ဆီးပစ်လိုက်လို့ရတဲ့အထိ စွမ်းအားကြီးမားသည်။
![](https://img.wattpad.com/cover/176930497-288-k672008.jpg)
YOU ARE READING
My Soulmate (Complete)
RomanceThere will not have any describtions. Just follow with your heart to my plots.😘😘😘 (Z+U)