39

2.1K 227 16
                                    

တယောက်ကိုတယောက် ခံစားချက်တို့ဖွင့်ဟကာ နားလည်မှုရယူပြီးသည့်အချိန်မှစ၍ Perthတယောက် အိမ်ကိုမပြန်တော့ဘဲ Saintရဲ့ တိုက်ခန်းမှာပဲနေနေဖြစ်သည်။

ကျောင်းသွားလည်းအတူတူ အိမ်ပြန်လည်းအတူတူနှင့် တပူးတွဲတွဲရှိနေခြင်းကြောင့် သူငယ်ချင်းတွေကတောင် ကြည့်ရင်း အမြင်တွေကပ်နေကြသည်။

P' Saintဘေးနား တချိန်လုံးတောက်တဲ့လိုကပ်ရင်း ချွဲပြစ်နေတဲ့ Perthကို သူငယ်ချင်းတွေက ကြည့်မရတော့။

အတိအလင်းထုတ်ပြောကာ တွဲကြသည်မဟုတ်သော်ငြားလဲ အနီးကပ်နေနေသည့် Plan,Earthနှင့် Summyတို့ကတော့ရိပ်မိကြသည်။

P' Saintကတော့ နေထိုင်ရခက်ကာ ရှက်နေပေမဲ့ Perthကတော့ မျက်နှာပြောင်ပြောင်နှင့်ပင် ဘယ်သူ့ကိုမှဂရုမစိုက်။ သူ့မျက်လုံးထဲ သူ့ကိုကိုတယောက်ထဲသာ မြင်နေတော့သည်။ 

အချိန်တွေက တဖြည်းဖြည်းကြာလာသည်နှင့်အမျှ တူတူတွဲသွားလာရတာ အသားကျလာခဲ့သည်။ ပထမတော့ ကျောင်းရဲ့နာမည်ကြီးကျောင်းသားက ပန်းချီဌာနက အရမ်းချောတဲ့ ဆရာပေါက်စလေးနှင့် အမြဲတပူးတွဲတွဲရှိနေခြင်းက ကျောင်းသူတွေကြားမှာ အာရုံစိုက်စရာသတင်းတခုလိုဖြစ်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ ဖြစ်နေကျကိစ္စတခုလိုပင် သဘောထားကြတော့သည်။

အချိန်တွေကြာလာပေမဲ့ P' Saintက ကျောင်းကလူတွေရှေ့မှာတော့ Perthကိုအလိုမလိုက် ခပ်ခွာခွာသာနေပေမဲ့ Perthကတော့ လူလစ်ရင်လစ်သလိုကပ်သည်။ တခါတခါ လက်ကိုအတင်းလိုက်ဆွဲကာကိုင်သည်။ ဘယ်သူမှမရှိတဲ့အချိန် လူရှင်းပြီဆိုလျှင် ရရင်ရသလို ပါးကိုလှမ်းနမ်းကာစသည်။

Saintကစိတ်ဆိုးသလိုပုံစံလုပ်ပေမဲ့ တကယ်တမ်း စိတ်မဆိုးဘဲ ကလေးကသူကိုချစ်ကာ ထိုသို့ပြုမူတာလေးတွေကို သဘောကျသည်။ နေ့ရက်တွေတိုင်းမှာ ကလေးသာသူ့အနားရှိနေမယ်ဆိုရင် ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတယောက်အဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားမိသည်။

ရင်ခုန်သံတွေကို ကလေးက အသက်ဝင်လာစေသလို အထိအတွေ့အသစ်တွေနဲ့ ရစ်မူးစေသည်။ အရင်က တယောက်ထဲတိတ်ဆိတ်ငြိမ်သက်စွာနေရတာ ကြိုက်ခဲ့ပေမဲ့ အခုချိန်မှာ ကလေးသူ့အနားမှာ ခဏလေးမရှိရင်တောင် မနေတက်တော့။

My Soulmate (Complete)Where stories live. Discover now