40

1.6K 248 53
                                    

လက်ထဲမှာ ဖုန်းကိုကိုင်ထားရင်း စိတ်ပူစွာနှင့်ပင် စက်ပိတ်ထားတဲ့ဖုန်းကို အကြိမ်ကြိမ်ခေါ်နေမိသည်။ အချိန်အားဖြစ့် ညဘက်ရောက်နေပြီဖြစ်သော်လည်း 'အိမ်ခဏပြန်ပြီး ချက်ချင်းပြန်လာခဲ့မယ်'ဟု ပြောကာ မနက်ထဲကထွက်သွားတဲ့Perth ပြန်ရောက်မလာသေးတာကြောင့် စိုးရိမ်နေမိသည်။

ဖုန်းဆက်ပြန်တော့လည်း စက်ပိတ်ထားတာကြောင့် စိုးရိမ်မှုဒီဂရီက မြင့်တက်လာနေသည်။ ဥာဥ့်နက်လာသည်နှင့်အမျှ Perthပြန်မလာတော့မှာ သိပေမဲ့ သူစိတ်ထဲမှာ စိုးရိမ်ပူပန်မှုက ပျောက်မသွားဘဲရှိနေဆဲ။

တယောက်ထဲရှိနေတဲ့ အိမ်ခန်းကြီးက တိတ်ဆိတ်ငြိမ်သက်လွန်းစွာနှင့် ရင်ထဲမှစိုးရိမ်ကြောက်ရွံ့မှုကို ပိုတိုးလာအောင်ပံ့ပိုးပေးနေသယောင်။
စိတ်ရှုပ်ထွေးမှုက သူ့ကိုအိပ်မရတဲ့ညတညအဖြစ် ပြောင်းသွားစေသည်။

TVမှအစီစဉ်တခုကိုဖွင့်ပြီး နာရီပေါင်းများစွာထိုင်နေမိရင်းမှ မှေးကနဲအိပ်ပျော်သွားမိသည်။ ပြန်နိုးလာချိန်၌ Perthများပြန်ရောက်လာလေမလားဆိုတဲ့စိတ်နှင့် အိပ်ခန်းထဲပြေးကာကြည့်မိသည်။ ဘယ်သူမှအိပ်စက်ထားခြင်းမရှိတဲ့ အိပ်ရာကအေးစက်စွာစောင့်ကြိုနေသည်။

ခုတင်ပေါ်မှာထိုင်ချရင်း Perthရဲ့ခေါင်းအုံးလေးကို ရင်ခွင်ထဲပိုက်ထားကာ Perthရဲ့ကိုယ်သင်းရနံ့လေးများ ရှိနေမလားဆိုတဲ့အတွေးနှင့် နမ်းရှိုက်မိသည်။

လွမ်းသည်။ သေလောက်အောင်လွမ်းသည်။ လူတယောက်ရဲ့ပျော်ရွှင်မှုအနှစ်သာရက သူချစ်တဲ့သူရဲ့ တည်ရှိမှုပေါ်မူတည်နေတယ်ဆိုတဲ့စကားကို လက်ခံမိသည်။ သူ့အနားမှာ Perthအနားမှာမရှိတဲ့ဘဝက Saintအတွက်တော့ ပျော်ရွှင်မှုအလုံးစုံတို့ ပျောက်ရှနေသလိုပင်။

Perthကျောင်းကိုလာလေမလားဆိုတဲ့အတွေးနှင့် ကျောင်းသို့ထွက်လာခဲ့လိုက်သည်။ ထို့နောက် Perthတို့အဖွဲ့ဆုံနေကျနေရာဖြစ်တဲ့ ကန်တင်းသို့ဦးတည်ကာသွားလိုက်သည်။

ကန်တင်း၌ Summy Planနှင့် Earthတို့ရောက်နှင့်နေကြပြီး မနက်စာစားနေကြသည်။

သူ့ကိုလှမ်းတွေ့သည်နှင့် Summyက "P' Saintရောက်လာပြီလား..... Perthရော.... ဒီနေ့အတန်းချိန်စောစောရှိတာကို P'တို့က စောစောမလာကြဘူး.."

My Soulmate (Complete)Where stories live. Discover now